Life

5 1 2
                                    

(Unicode)

ကျွန်တော်တို့အတွက်ဘဝဆိုတာဘာပါလိမ့်။အခြားသူတွေအတွက်တော့မသိပေမဲ့ကျွန်တော့်အတွက်ဘဝဆိုတာပျော်ရွှင်စွာနေထိုင်ခြင်းလို့ပဲပြောရမယ်။ဒါပေမဲ့လုပ်သင့်လုပ်ထိုက်တာတော့လုပ်ရမှာပေါ့လေ။ကျွန်တော့်လိုလူငယ်လေးတစ်ယောက်ကဒီလိုပြောတယ်ဆိုတော့ပေါ့ပျက်ပျက်နိုင်ပါလိမ့်မယ်။ဒါပေမဲ့ဒါကိုကျွန်တော်ပေါ့ပျက်ပျက်ပြောနေတာတော့မဟုတ်နေဘူး။

လုပ်သင့်လုပ်ထိုက်တာဆိုတဲ့နေရာမှာတော့အမျိုးမျိုးရှိတာပေါ့။ကျွန်တော့်အရွယ်ဆိုရင်တော့အသက်ကြီးလာရင်ကောင်းကောင်းနေနိုင်ဖို့အတွက်ပညာရှာရတာပေါ့။ပြီးတော့ဘဝကိုဘာအလုပ်နဲ့ဖြတ်သန်းရမလဲဆိုတာစဥ◌်းစားရမယ်။ဒါပေမဲ့ဒါကတော့အခုထိသိပ်မကွဲချင်သေးဘူးလို့ပြောရမယ်။ကျွန်တော်စာရေးရတာကြိုက်တယ်အများကြီးတော့မရေးဖြစ်ပေမဲ့လည်းလေ။ပြီးတော့Animeတို့ဝတ္ထုတို့ဘာသာပြန်ရတာလေးတွေကြိုက်တယ်။ဘဝကိုဒါလေးတွေပဲလုပ်ပြီးဖြတ်သန်းချင်တယ်ဆိုပေမဲ့စားဖို့သောက်ဖို့ကလည်းရှိသေးတယ်။

အဓိကကတော့ကျွန်တော်ကဘဝကိုမိသားစုနဲ့နွေးထွေးမှုတွေနဲ့ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းချင်တယ်။လူပီသအောင်လည်းနေချင်တယ်။စာလေးလည်းရေး၊အခြားကိုယ်ပိုက်ဆံရမယ့်အလုပ်လေးလည်းလုပ်၊နွေးထွေးတဲ့မေတ္တာအိမ်လေးမှာနေရင်းနဲ့လူတွေကိုကူညီနိုင်သလောက်ကူညီပြီးသေဆုံးသွားချင်တယ်။အခက်အခဲတွေအများကြီးကိုလည်းမေတ္တာနွေးထွေးမှုတွေနဲ့ဖြတ်ကျော်မယ်။ကျွန်တော့်အတွက်ချမ်းသာဖို့မလိုဘူး။ကုသိုလ်လေးလုပ်ပြီးဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းချင်တယ်။ဒါလေးကတော့ကျွန်တော့်အတွက်ဘဝပါပဲ။


(Zawgyi)

ကၽြန္ေတာ္တို႔အတြက္ဘဝဆိုတာဘာပါလိမ့္။အျခားသူေတြအတြက္ေတာ့မသိေပမဲ့ကၽြန္ေတာ့္အတြက္ဘဝဆိုတာေပ်ာ္ရႊင္စြာေနထိုင္ျခင္းလို႔ပဲေျပာရမယ္။ဒါေပမဲ့လုပ္သင့္လုပ္ထိုက္တာေတာ့လုပ္ရမွာေပါ့ေလ။ကၽြန္ေတာ့္လိုလူငယ္ေလးတစ္ေယာက္ကဒီလိုေျပာတယ္ဆိုေတာ့ေပါ့ပ်က္ပ်က္နိုင္ပါလိမ့္မယ္။ဒါေပမဲ့ဒါကိုကၽြန္ေတာ္ေပါ့ပ်က္ပ်က္ေျပာေနတာေတာ့မဟုတ္ေနဘူး။

လုပ္သင့္လုပ္ထိုက္တာဆိုတဲ့ေနရာမွာေတာ့အမ်ိဳးမ်ိဳးရွိတာေပါ့။ကၽြန္ေတာ့္အရြယ္ဆိုရင္ေတာ့အသက္ႀကီးလာရင္ေကာင္းေကာင္းေနနိုင္ဖို႔အတြက္ပညာရွာရတာေပါ့။ၿပီးေတာ့ဘဝကိုဘာအလုပ္နဲ႔ျဖတ္သန္းရမလဲဆိုတာစဥ◌္းစားရမယ္။ဒါေပမဲ့ဒါကေတာ့အခုထိသိပ္မကြဲခ်င္ေသးဘူးလို႔ေျပာရမယ္။ကၽြန္ေတာ္စာေရးရတာႀကိဳက္တယ္အမ်ားႀကီးေတာ့မေရးျဖစ္ေပမဲ့လည္းေလ။ၿပီးေတာ့Animeတို႔ဝတၳဳတို႔ဘာသာျပန္ရတာေလးေတြႀကိဳက္တယ္။ဘဝကိုဒါေလးေတြပဲလုပ္ၿပီးျဖတ္သန္းခ်င္တယ္ဆိုေပမဲ့စားဖို႔ေသာက္ဖို႔ကလည္းရွိေသးတယ္။

အဓိကကေတာ့ကၽြန္ေတာ္ကဘဝကိုမိသားစုနဲ႔ေႏြးေထြးမႈေတြနဲ႔ေပ်ာ္ေပ်ာ္ရႊင္ရႊင္ျဖတ္သန္းခ်င္တယ္။လူပီသေအာင္လည္းေနခ်င္တယ္။စာေလးလည္းေရး၊အျခားကိုယ္ပိုက္ဆံရမယ့္အလုပ္ေလးလည္းလုပ္၊ေႏြးေထြးတဲ့ေမတၱာအိမ္ေလးမွာေနရင္းနဲ႔လူေတြကိုကူညီနိုင္သေလာက္ကူညီၿပီးေသဆုံးသြားခ်င္တယ္။အခက္အခဲေတြအမ်ားႀကီးကိုလည္းေမတၱာေႏြးေထြးမႈေတြနဲ႔ျဖတ္ေက်ာ္မယ္။ကၽြန္ေတာ့္အတြက္ခ်မ္းသာဖို႔မလိုဘူး။ကုသိုလ္ေလးလုပ္ၿပီးဘဝကိုေအးေအးခ်မ္းခ်မ္းျဖတ္သန္းခ်င္တယ္။ဒါေလးကေတာ့ကၽြန္ေတာ့္အတြက္ဘဝပါပဲ။

ကျွန်တော့်အတွေးအမြင်စာစုများ(ကြၽန္ေတာ့္အေတြးအျမင္စာစုမ်ား)Where stories live. Discover now