Fair and Unfair
3 2 0
(Unicode)
လောကကြီးကမတရားဘူးလို့ကျွန်တော်တို့ပြောတတ်ကြတယ်။ကျွန်တော်လည်းအဲ့လိုတွေးတတ်ပါတယ်။ဒါပေမဲ့အခုကျွန်တော်တွေးမိတာကကျွန်တော်တို့
ကရောတရားမျှတမှုရှိပါရဲ့လား။
ကျွန်တော့်အတွေးထဲမှာတော့မရှိဘူးရယ်။လူအများစုကတရားမျှတမှုလိုချင်တယ်လို့သာပြောတတ်ကြတာသူတို့ကတော့မတရားတာတွေလုပ်တတ်ကြတယ်။
ကျွန်တော်တို့နေ့စဉ်ဘဝမှာတင်ကိုပဲအခြားလူ
တစ်ယောက်ကိုဖြစ်ဖြစ်များများကိုပဲဖြစ်ဖြစ်မတရားတာတွေလုပ်မိတတ်တယ်။
မသိတာလည်းရှိသလိုသိသိရက်နဲ့လုပ်တာတွေလည်းရှိတယ်။မသိလို့လုပ်မိတာပဲဖြစ်ဖြစ်သိသိရက်နဲ့လုပ်မိတာပဲဖြစ်ဖြစ်လုပ်တာကတော့လုပ်တာပါပဲ။ဥပမာအနေနဲ့ပြောရရင်လူသုံးယောက်ရှိတယ်ဗျာ။မြမြ၊လှလှနဲ့သီသီပဲထားလိုက်ပါတော့။သုံးယောက်လုံးကတစ်ဖွဲ့တည်းကပဲ။အဲ့ထဲမှာမှမြမြကအကြီးဆုံးပေါ့။
မြမြကငယ်ငယ်ကတည်းကလှလှနဲ့သိတယ်ဆိုတော့သူ့ကိုပိုရင်းရင်းနှီးနှီးဆက်ဆံမိတယ်။အဲ့အချိန်ကျ
သီသီအတွက်ကျတော့မတရားတော့ဘူးလေ။
သူလည်းရင်းရင်းနှီးနှီးဆက်ဆံတာကိုခံချင်တာပေါ့ဟုတ်တယ်မလား။
ဒီလိုပါပဲလောကမှာတစ်ချို့သောအသေးအမွှားကိစ္စ‌လေတွေကတစ်ချို့အတွက်ဘာမှမဟုတ်ပေမဲ့
တစ်ချို့သူတွေအတွက်တော့မတရားတာလိုဖြစ်နေတတ်ပါတယ်။
ဒါပေမဲ့အခြားကြီးကြီးမားမားမတရားမှုတွေရှိပါတယ်အဲ့တာကတော့လူတိုင်းမြင်နိုင်တဲ့အရာမျိုးပေါ့။
ဥပမာအနေနဲ့ပြောရရင်အာဏာသိမ်းတဲ့ကိစ္စရပ်မျိုးတွေ။(နိုင်ငံရေးတွေပါကုန်ပြီ။ပါရမှာပါပဲ။)
အဲ့ကိစ္စမျိုးတွေလူတိုင်းကမတရားတာမှန်းသိသိနဲ့ငြိမ်မခံနေသင့်ပါဘူး။အားလုံးသေချာတိုက်ထုတ်ရမှာပေါ့။မရရတဲ့နည်းလေးတွေနဲ့ပံ့ပိုးနိုင်သလောက်ပံ့ပိုးပေးကြပါနော်။
(Zawgyi)
ကျွန်တော့်အတွေးအမြင်စာစုများ(ကြၽန္ေတာ့္အေတြးအျမင္စာစုမ်ား)Where stories live. Discover now