Unicode
At Diamond Hotel
HotelကိုCheck inဝင်ပြီးသည်နှင့်သူမနေရမည့်အခန်းထဲသို့သာROSÉတန်းဝင်လာလိုက်သည်...တစ်ရက်လောက်နီးပါးလေယာဥ်စီးလိုက်..ကားစီးလိုက်လုပ်ခဲ့ရသောကြောင့်သူမပင်ပန်းနေပြီ...
ရေခဲသေတ္တာထဲမှရေတစ်ဘူးကိုထုတ်ကာတစ်ကျိုက်ထဲမော့ချလိုက်သည်...ညီးစီစီဖြစ်နေသောစိတ်ကိုရှင်းလင်းစေရန်ရေချိုးဖို့သာပြင်ဆင်လိုက်သည်...သူမရေချိုးပြီးထွက်လာတော့အခန်းထောင့်တွင်သူမFanများပေးထားသောလက်ဆောင်များကရောက်နှင့်ချေပြီ..သူမရဲ့မန်နေဂျာအမထားသွားတာနေမည်...ထိုလက်ဆောင်များရဲ့အပေါ်ဆုံးမှာတင်ထားပါသောအနီရဲရဲနှင်းဆီပွင့်ကိုးပွင့်ပါပန်းစည်းလေးကိုမြင်တော့သူမပြုံးလိုက်မိသည်...
ပန်စည်းလေးကိုကိုင်ပြီးပွင့်ဖတ်လေးတွေကိုလက်ဖြင့်တို့ထိမိသည်...နွေးထွေးသောခံစားချက်သည်လက်ထိပ်ဖျားမှတစ်ဆင့်နှလုံးသားသို့စီးဝင်သည်...တစ်ပွင့်သောနှင်းဆီနီလေးကိုဆွဲထုတ်ပြီးအနံသင်းသင်းလေးကိုရှူရှိုက်မိသည်...
နှုတ်ခမ်းထက်ကအပြုံးတို့ကအလိုကျစွာဖြင့်"ထပ်ဆုံချင်ပါသေးတယ်..ကောင်မလေး.."
တစ်ပွင့်သောနှင်းဆီနီ...
ထာဝရအတွက်ရွယ်သည်...
.............. .............. ................ .............. ............. .............. ."အဲ့တော့နင်ကconcertကိုသွားမှာလား...""ဟဲ့..သွားချင်တာမှတစ်ပိုင်းတင်မကဘူးတစ်ကိုယ်လုံးကိုသေနေတာပဲ..ဒါမဲ့..အဓိက ကပိုက်ဆံငါ့မှာပိုက်ဆံမရှိဘူးဟဲ့..fan signပွဲအတွက်တောင်အနိုင်နိုင်ဝယ်ထားရတာ.."
"ဟဲ့နင်ကဘာလို့fan signအတွက်ဝယ်တာလဲ..concertအတွက်ဝယ်ပါလား..."
"နင်ကလေ..တကယ်ပဲ..concertမှာလူတွေထောင်ချီသောင်းချီလာကြမှာ...ငါROSÉကိုရှင်းရှင်းလင်းလင်းတွေ့ရဖို့ဆိုတာမသေချာဘူး..fan signလက်မှတ်ကျအကန့်သတ်နဲ့နည်းနည်းလေး..ပြီးတော့နီးနီးနားနားလေးတွေ့ရမှာ..အဟိအဟိ..ဟဲ့သူငါ့ကိုမြင်မြင်ချင်းမချစ်မိသွားနိုင်ဘူးလို့ပြောလို့မရဘူးနော်..."
"အေးပါKim Jisooရယ်...အရူးစိတ်ချမ်းသာရင်ဆိုလ်းြမို့ကြီးအေးချမ်းတယ်.."
YOU ARE READING
FALL IN LOVE WITH AN IDOL(Complete)