Unicode
ခေါင်းငြိမ့်ကာပြောနေသောကောင်မလေးကိုROSÉပြုံးကာကြည့်နေမိသည်...သဘက်ခါshowအတွက်ဒီနေ့နဲ့မနက်ဖြန်relax timeပေးထား၍ခိုးထွက်လို့လွယ်ခြင်းဖြစ်သည်...ဒီနေ့ကိုသူမနဲ့ပဲအတူတူအချိန်ကုန်ဆုံးမယ်လို့ဆုံးဖြတ်ထားသည်...
"ဟိတ်..တို့ေတွဒီမြစ်ဘေးလမ်းလျှောက်ကြမလား.."
"ရ...ရတယ်လေ.."
ရှက်ပြုံးလေးနှင့်ခေါင်းငြိမ့်ကာပြောလာသောကောင်မလေးသည်ပကတိချစ်စဖွယ်အတိ...
သူတို့နှစ်ယောက်လမ်းတူတူလျှောက်ရင်းဟန် မြစ်ရဲ့တစ်နေရာအရောက်...
"ဟိတ်..ဒီမြစ်ကြီးကိုဘာလို့ဟန်မြစ်လို့ခေါ်တာလဲသိလား.."
"မသိဘူး...ရှေးလူကြီးတွေပေးခဲ့တာပဲ..ကျွန်မလည်း..ကျွန်မအမေကဟန်မြစ်ဆိုလို့လိုက်ဟန်မြစ်လိုက်တာ..."
ထိုသို့ပြောလာသောကောင်မလေးကိုသူမကြောင်အမ်းအမ်းလေးကြည့်နေမိသည်...တခြားသူတွေဆိုကိုယ့်ရပ်ကိုယ့်ရွာအကြောင်းမေးလာရင်အားပါးတရ..ရှင်းပြချင်သူများသာ....ဘယ့်နှယ့်သူ့ကျမှ..မသိဘူး..သူများခေါ်လို့လိုက်ခေါ်တာတဲ့လား....သို့ပေမဲ့လည်းသူ့အမြင်မှာထိုအပြုအမူလေးသည်ချစ်စဖွယ်ကောင်းနေပါသည်...
Jisoo ..တစ်ယောက်ပြောချင်ရာပြောမိလိုက်သောမိမိပါးစပ်ကိုတစ်ဖက်သို့လှည့်ကာခပ်စပ်စပ်လေးရိုက်လိုက်မိသည်..အမှန်ဆိုROSÉအထင်ကြီးအောင်လွှတ်ရွှီးသင့်သည်မဟုတ်လား..မသိတာကမသိတာပဲပေါ့..ခုတော့ကြိတ်ကြွေနေရတဲ့idol crushကြီးရှေ့မှာမှ...
သူတို့ခပ်လှမ်းလှမ်းသို့လျှောက်ရင်း....
"ခဏ..ဒီခရုလေး...ဒါ..ခရုသင်းခရုလေးတွေမို့လား...မှုတ်လို့ရတယ်လေ..."
ခရုသင်းခရုတွေအကြောင်းပြောနေသောROSÉကိုကြည့်ရင်းJisoo..ဖြတ်ခနဲအကြံရသွားသည်..ဒါသူမရဲ့ဂွင်ပဲ...မွေးထဲကညအိပ်ရာဝင်ပုံပြင်ဆိုအာ့ခရုသင်းအကြောင်းပဲပြောပြနေတဲ့အမေ့ကိုသူမကျေးဇူးတင်မိသွားသည်..
အဟန့်...
ချောင်းတစ်ချက်ဟန့်ရင်း..ခရုသင်းအကြောင်းရှင်းပြဟန်ပြင်ကာ...
"ခရုသင်းဆိုတာ..."
YOU ARE READING
FALL IN LOVE WITH AN IDOL(Complete)