Unicode
"ခေါက်ဆွဲရပါပြီခင်ဗျ..ပါဆယ်တွေများနေတာနဲ့ကြာသွားတာတောင်းပန်ပါတယ်ခင်ဗျ.."
"ဟုတ်...ရ..ရပါတယ်..ဟီး.."
တောင်းပန်စကားဆိုနေသောအလုပ်သမားကောင်လေးပြုံးပြပြီးသူထွက်သွားတော့မှအရှေ့မှလူကိုကြည့်မိတော့သူကမျက်မှောင်ကြုပ်ထားဆဲ...
သူမဘာများလုပ်မိလို့လဲ...
"ဟိုလေROSÉဘာ..ဘာ..များဖြစ်လို့လဲဟင်.."
ထိုသို့မေးတော့သူကဘာလို့မှန်းမသိဘူးလားအထာနှင့်စောင်းကြည့်လာသည်..ပြီးမှ"မင်းအခုလိုမျိုးလူတကာကိုလိုက်မပြုံးပြနဲ့..."
"ဘာ...ဘာ..လို့လဲဟင်..."
"တို့မကြိုက်ဘူး..မင်းအဲ့လိုလူတကာကိုပြုံးပြနေတာကိုမကြိုက်ဘူး..ဖြစ်နိုင်ရင်မင်းပြုံးတာကိုတို့တစ်ယောက်ထဲပဲမြင်ချင်တယ်.."
ထိုစကားများကြောင့်Jisooခေါက်ဆွဲပန်းကန်ကိုမွှေနေသောလက်များရပ်တန့်သွားရသည်..သူမစိတ်ကိုသူမအတတ်နိုင်ဆုံးထိန်းနေပေမဲ့ထိုအမျိုးသမီးသည်သူမသူ့အပေါ်မညွတ်ညွတ်ကျလာအောင်ဆွတ်ချူနေတော့သည်...
"ညီမတို့စကားပြောတာရပ်သင့်ပြီ...ဟို...မုန့်..မုန့်တွေပွကုန်တော့မယ်..."
သူမရဲ့အသံသည်အထစ်ထစ်နှင့်အဖျားခတ်ပင်တုန်ယင်သွားသေးသည်..သူမစိတ်ကိုသူမမနည်းတင်းထားရသည်..ငိုချင်မှုကြောင့်လျှံတက်လာသောမျက်ရည်များကိုဖုံးအုပ်ရန်မုန့်ကိုသာငုံ့စားနေမိသည်
"အားးးးးး."
ရုပ်တရပ်ကြားလိုက်ရသောအသံကြောင့်သူမအတွေးစတို့ရပ်တန့်သွားရသည်...
"ဘာ..ဘာဖြစ်တာလဲ..ရရဲ့လား..."
"စပ်တယ်...အား..အရမ်းစပ်တယ်.."
"ဟင်..အစပ်မစားနိုင်ဘူးလား.."
"ဟင့်အင်း..မစားနိုင်ဘူး.."
"ဟင်..ဒါဆိုဘာလို့စားမယ်ပြောနေသေးလဲ.."
"စား...စားးကြည့်ချင်လို့..."
"တော်..တော်ပြီ..ကျွန်မရေမှာပေးမယ်...အန်တီရေ...ရေသန့်တစ်ဘူးလောက်..."
တရှူးရှူးတရှဲရဲှဲဖြစ်နေသောROSÉကိုကြည့်ရင်းခေါင်းသာခါမိသည်...
YOU ARE READING
FALL IN LOVE WITH AN IDOL(Complete)