Chapter 3(U+Z)

1K 127 6
                                    


Unicode

At ROSÉ fan sign

Jisoo ခင်ဗျာရင်တုန်ပန်းတုန်နှင့်fan signပွဲကိုလာခဲ့ရသည်...ဒီလိုအချိန်မှာနှလုံးတုန်ရင်ခုန်မူးမော်ပြေတဲ့အချစ်ချိုချိုစားလိုက်ရရင်လည်းကောင်းသား...ဟိုကောင်Wo Binnကိုလိုက်ခဲ့ပါခေါ်တာပိုက်ဆံကုန်တယ်ဘာညာနဲ့မလိုက်...ခုတော့တစ်ပွေထဲလိမ့်ခဲ့ရပြီ...ပန်းရောင်ဒူးဖုံးဂါဝန်နှင့်သူမရဲ့အသားရေကလိုက်ဖက်စွာ..ခပ်မြင့်မြင့်စည်းထားသောpony tailနှင့်လူငယ်ဆန်စွာကြော့ရှင်းနေသည်...

9နာရီပွဲစမှာပေမဲ့8နာရီလောက်ထဲကပင်လူများကြိတ်ကြိတ်တိုးစည်းကားသိုက်မြိုက်နေပြီဖြစ်သည်..Jisooတစ်ယောက်တည်းအတွေးကမ္ဘာထဲပျော်လိုက်ခွီလိုက်လက်ထဲကROSÉအတွက်လက်​ေဆာင်အိတ်ထဲကအသည်းပုံလေးကိုက်ထားတဲ့ကြောင်ရုပ်လေးကိုကြည့်လိုက်နှင့်သဘောတော်ခွေ့နေသည်...

"ROSÉလေး..ငါ့ကိုတွေ့ရင်မှတ်မိမှာပါနော်...ခိခိ"

တစ်ယောက်ထဲတွေးလိုက်ပျော်လိုက်နှင့်31ဘုံဝယ်..သူတစ်ယောက်ထဲရှိသည့်နှယ်...လွန်စွာမှအူရွှင်နေသည်..ဘေးမှလူတွေကတော့ကွက်ကြည့်ကွက်ကြည့်

"ဟဲ့ဟဲ့..အမလေးမေ့တော့မလို့..လက်မှတ်ထိုးခိုင်းဖို့photobook ..ပါမလာရင်တော့ဒုက္ခ...."

ရင်တမမနှင့်ရှာဖွေပြီးချိန်မှာတော့လွယ်အိတ်ထဲမှာရှာဖွေတွေ့ရှိခဲ့ပါပြီ...ROSÉ photobookမို့တစ်အုပ်လုံးကအနာဂတ်ရည်းစားလေး၏ဓာတ်ပုံများသာ...

"Photobook မှာလက်မှတ်ထိုးသလို.. တို့ကိုလဲထိုး..အဲအဲ..တို့နှလုံးသားလေးကိုလည်းအချစ်သက်သေပိုင်ဆိုင်ကြောင်းလက်မှတ်လေးထိုးပေးပါလား..ROSÉရယ်..ဟိဟိ.."

လေထဲမှာမြို့တည်နေတုန်းရှိသေးသည်....

"All of audience! All of you can now enter the auditorium. Thanks for waiting."
(ပွဲလာပရိသတ်အပေါင်းခန်းမအတွင်းသို့ဝင်လို့ရပါပြီခင်ဗျာ..စောင့်ဆိုင်းပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်..)

staffလေးတစ်ယောက်ကလာပြောမှထုတ်ထားသမျှကောက်ကပ်သိမ်းပြီးခန်းမထဲဝင်ရန်ပြင်လိုက်သည်..

မိနစ်အနည်းငယ်မျှကြာသော်...

"အား...ဒီတစ်သက်ငါ့အလှည့်ရောက်တော့မှာလား..တစ်..နှစ်..ဟာ..နှစ်ဆယ်တောင်လိုသေးတယ်...ဝူး.."

FALL IN LOVE WITH AN IDOL(Complete)Where stories live. Discover now