Unicode
(we got married)
အခန်းနံရံမှာချိတ်ထားပါသောမဂ်လာင်ဆောင်ဓာတ်ပုံများကိုကြည့်ရင်းROSÉပြုံးနေမိသည်...သူ၏ဇနီးလေးသည်ထိုဓာတ်ပုံများထဲတွင်အလှဆုံးပြုံးနေပါသည်...
ထိုနေ့က....
သူ၏ဇနီးလေးသိပ်ကိုချစ်ဖို့ကောင်းနေခဲ့သည်...
ဇာပါးပါးလေးအုပ်ထားသောခေါင်းဆောင်းပဝါလေး၏အောက်ဝယ်သူမချစ်ဇနီးလေး၏ရှက်ပြုံးလေးများကိုမြတ်နိုးဖွယ်မြင်ခဲ့ရသေးသည်...နှစ်ဦးသဘောတူကတိသစ္စာတည်ကြသောအခါလဲငပြောင်မလေးကခပ်ကျဲကျဲပြုံး၍ဆိုလေတော့ဒီလူမှာအချစ်ပိုရပြန်သည်....
နောက်မှဖွင့်ထားသောBeautiful in whiteသီချင်းစာသားလေးတွေနှင့်အပြိုင်သူ့ရှေ့မှအဖြူရောင်သတို့သမီးလေးဟာလည်းသိပ်ကိုလှပနေပါသည်....
ကျွီ.....
တံခါးဖွင့်သံကြားရသောကြောင့်သူ၏ပြန့်ကျဲနေသောအတွေးစတို့ကတဖန်ပြည်စုစည်းသွားသည်...သူ့မြတ်နိုးရာလေးကျောင်းကပြန်လာပြီ...
ကိုရီးယားနိုင်ငံမှာကျောင်းမပြီးသေးပါဘဲသူ့နောက်လိုက်ကာသူနှင့်လက်ထက်ခဲ့ပါသောထိုကောင်မလေးကိုနယူးဇီလန်မှာပဲကျောင်းဆက်တက်စေသည်...တစ်ခါတစ်လေတော့သူ့သူငယ်ချင်းကိုလွမ်းလို့ဆိုပြီးကိုရီးယားပြန်ရင်တော့မခွဲနိုင်သည့်ကိုယ်ကပဲနောက်ကလိုက်ရတော့တာပေါ့..
ကလေးငယ်ကသိပ်ဂျစ်သည်.ချစ်မှန်းသိတော့ဆိုးချင်သည်......မိဝေးဖဝေးနဲ့မွေးရပ်မြေကိုတောင်စွန့်ကာသူ့နောက်လိုက်လာခဲ့ပါသောထိုကောင်မလေးကိုသူမလေသံကျယ်ကျယ်တောင်မပြောရက်ပါ....ဟိုတစ်ခါသူ့ကိုဆူမိတော့..ဒါလင့်..မချစ်တော့ဘူးဆိုကာတစ်ပတ်လောက်စကားမပြောတော့ကိုယ့်မှာကမ္ဘာတွေပျက်လို့...ဒါကိုဒီကလေးလေးမသိပါ...
ချစ်မိခဲ့ထဲက..ကိုယ်ဟာမင်းကိုအမြဲအရှုံးပေးပြီးသားပါကလေးငယ်....
"ဒါလင်...."
လာပါပြီ...ကိုယ့်ခါးကိုဖက်ပြီးကျောကုန်းကိုသူမမျက်နှာလေးနှင့်ပွတ်ကာချွဲစိန်လုပ်နေသည်...သူခပ်ရေးရေးလေးပြုံးလိုက်သေးသည်...ကလေးငယ်ဟာ..သူသိခဲ့တဲ့အရင်ကလိုခပ်စွာစွာကိုရီးယားမလေးမဟုတ်တော့ပါ...များပြားလှသောသူ့ရဲ့boy fansများကြောင့်သူမကိုထားခဲ့မှာကြောက်နေတယ်နဲ့တူပါတယ်...အမြဲတမ်းချွဲနေတော့တာပါပဲ..
YOU ARE READING
FALL IN LOVE WITH AN IDOL(Complete)