Part 3

2.1K 89 9
                                    

" အပြစ်သားက အစာလုံးဝမစားဘူး အရှင်မ"

သူမထံမရဲတရဲလျောက်တင်လာတဲ့ Eliana ရဲ့အသံတွေဟာတုန်ယင်လျက်

အရှင်မကို မရဲတရဲသာလျောက်ရသည်
ကြောက်စိတ်ကြောင့်မျက်နှာပင်မကြည့်ရဲ

" ဘာလို့တဲ့လဲ"

စန္ဒကူးအနံ့သင်းသော အမွှေးဆီတချို့ကို ခေါင်းမှာပတ်ဖြန်းရင်းအသံကိုအတည်ငြိမ်ဆုံးဖြစ်အောင်ထိန်းရင်းမေးလိုက်သည်

" ကျွန်မမသိဘူးအရှင်မ"

ကိုယ့်ကိုကိုယ်လျှာရှည်မိလေခြင်းဆိုတဲ့ နောင်တတချို့Eilliana ရသွားခဲ့သည်

တကယ်ဆိုအပြစ်သားတစ်ယောက်သေတာရှင်တာဟာ ဧကရီနဲ့ဘာမှမဆိုင်ပါ

ဧကရီ Lillianဟာ Eilliana စကားကြောင့်ပြတင်းပေါက်ဆီမှတဆင့် အပြင်တစ်နေရာကို အတန်ကြာအောင်
ဘာစကားမှမပြောပဲငေးကြည့်နေခဲ့သည်

သူ့အပြစ်နဲ့ သူပဲဆိုပြီးစိတ်ကိုတင်းထားပေမဲ့
Lillian ရဲ့မသိစိတ်ထဲမှာတော့ Rien ထိခိုက်မှာကိုအလွန်စိုးရိမ်မိသည်

ရက်သတ္တပတ်  နှစ်ပတ်ကြာမှ ကြားရတဲ့ သတင်းဟာ သိပ်မကောင်းတော့

Ozark ကျွန်းမှာလူတွေနေထိုင်လို့အဆင်ပြေအောင် စီစဉ်နေရတဲ့ကြားထဲ
Rien သတင်းကြောင့် သူမစိတ်တွေအတော်ရှုပ်ထွေးသွားသည်

" ညကျရင် အပြစ်သားကို အရှင်မကိုမလေးစားတာလားဆိုပြီး ပြစ်ဒဏ်သွားပေးဦးမှ"

Lillian ရဲ့စကားကြောင့် Elianaရဲ့ခန္ဓာကိုယ်လေးဟာကျုံ့ဝင်သွားခဲ့သည်

သွားပါပြီ....

မလျောက်တင်လိုက်ရင်ကောင်းသား လို့ Eliana တွေးမိသည်

အခုတော့ ထောင်ထဲမှာ သေအံ့ဆဲဆဲဖြစ်နေတဲ့သူကိုအပြစ်ဒဏ်ပိုပိစေလေခြင်းဆိုပြီး Eliana အပြစ်ရှိသလိုခံစားလိုက်ရသည်

အမှန်စစ်စစ်မှာတော့ ဧကရီ Lillian သည်ပူပင်နေသော သူမရဲ့ရင်တွင်းမီးတွေကိုဖုံးဖိရန်အလို့ငှာပြောခြင်းသာဖြစ်သည်

ထိုအခြင်းအရာကိုတော့ကို ဘယ်သူမှမသိကြပါ

အားလုံးရဲ့စိတ်ထဲမှာတော့ Rien ကိုသနားမိနေကြရုံမှတပါး ဘာမှမပြောရဲခဲ့ကြ

The Queen & The Commander ( ဧကရီနဲ့တပ်မှူး)Место, где живут истории. Откройте их для себя