Part 4

2.1K 96 5
                                    

အနည်းငယ်ချောင်ကျသွားသောမျက်နှာမှာ
ခပ်ကျဲကျဲအစိမ်းရောင်သန်းနေသောမွှေးညှင်းတချို့ရှိနေခဲ့သည်

အမြဲလိုလို နီရဲထူပြည့်နေတဲ့နှုတ်ခမ်းဖျားတွေဟာအခုတော့ဖြူဖျော့နေခဲ့သည်

ဘုရင်မဟာ ဘာရယ်မသိ Rien ရဲ့မျက်နှာကိုကြည့်နေမိသည်

ဒါဟာ လက်အောင်ငယ်သားမို့သနားကြင်နာခြင်းသက်သက်လား

တခြားအရာတွေပါနေမလား သူမကိုယ်တိုင်ပင်မဝေခွဲနိုင်

ဒီနေ့လည်း လူနာဆောင်ကိုစစ်ဆေးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့အတူ ဧကရီကိုယ်တိုင်ရောက်လာခြင်းဖြစ်သည်

တချို့နန်းတွင်းသူတွေကတော့ ရိပ်မိပေမဲ့ ဘာမှမပြောရဲ

အရှင်မက Rien အပေါ်ထားတဲ့မေတ္တာသည် တခြားသူတွေထက်ပိုနေခဲ့မှန်း တော့သိသာနေခဲ့သည်

" ရက်ကြာကုနေတာတောင် အခုထိ သတိမရသေးတာ သမားတော်ဘာလိုအပ်ချက်ရှိလို့လဲ"

ဧကရီရဲ့အပြစ်တင်မှုကြောင့် သမားတောင်ဟာမျက်နှာပင်မော်မကြည့်ရဲ

" လူနာဟာ အစာအာဟာရပြတ်ခဲ့တာမို့ အားမရှိလို့ အိပ်နေတဲ့သဘောပါအရှင်မ"

တော်တော်ဆိုးတာပါလား Rien
တစ်ခုခုသာဖြစ်သွားရင် သခင်မကိုအပြစ်စိတ်နဲ့ အမြဲနေရအောင် ကြံရွယ်ပြီးများလုပ်တာလား

ထပ်ပြီးပြစ်ဒဏ်ပေးရလောက်အောင်လည်း Rien ဟာ မမှုလောက်

" ကျွန်တော်မျိုးသေသင့်ပါတယ်" ဆိုပြီးသာပြောမဲ့လူမျိုး

တော်တော်ခေါင်းမာတဲ့ကောင်လေး

Lillian ဧကရီအတွက်
နိုင်ငံရေးကရှုပ်ထွေးရတဲ့ကြားထဲ ဘုရင်မဟာ လင်ပူမိနေတယ်လို့ အများဝေဖန်မှာလည်းကြောက်ရသေး

အမြဲတမ်း Rien ဆီလာကြည့်ချင်ပေမဲ့
မေးငေါ့စရာဖြစ်မှာစိုးလို့
၃ ရက် ကြာမှဆေးကုသဆောင် ကိုစစ်ဆေးမယ်ဆိုပြီးရောက်လာတာတောင် နန်းတွင်းမှာစိတ်ဝင်စားဖွယ်သတင်းတစ်ပုဒ်ဖြစ်သွားခဲ့သည်

The Queen & The Commander ( ဧကရီနဲ့တပ်မှူး)Où les histoires vivent. Découvrez maintenant