Part 8

2.3K 93 21
                                    

" Rien ထွက်မသွားပါနဲ့.... "

ငိုရှိုက်သံတချို့နဲ့အတူ Lillian ဟာ
Rien ရဲ့လက်ကိုအရူးတစ်ယောက်လိုဆွဲထားခဲ့မိသည်

Rien ဟာအေးစက်နေတဲ့ အကြည့်တို့နဲ့ အတူ
သူမလက်ကိုဆွဲဖြုတ်သည်

ထို့နောက် တံတိုင်းဆီမှတစ်ဆင့် ပင်လယ်ဘက်ကို ခုန်ချသွားသည်

" မလုပ်ပါနဲ့...."

သူမအော်သံဟာ ဆောင်နန်းတစ်ခုလုံးပဲ့တင်သွားသည်

လှိုက်မောဝမ်းနည်းစရာအိပ်မက်ဆိုးနဲ့အတူ
Lillian ထထိုင်လိုက်သည်

ရင်ဘက်ထဲကဝမ်းနည်းဆို့နင့်မှုကြောင့် အသက်ရှူလို့မရလောက်အောင်မောဟိုက်နေခဲ့သည်

ဖြစ်ရပ်ဆိုးကိုကြုံတွေ့ခဲ့ပြီး

အိပ်မက်ဆိုးတို့ကထပ်နှိပ်စက်ပြန်တယ်

" ဧကရီ အဆင်ပြေရဲ့လား"

သူမကိုစိုးရိမ်တကြီးငုံ့မိုးကြည့်နေသော အိမ်ရှေ့မင်းကိုတွေ့လိုက်ရသည်

နိုးထလာခြင်းခြင်းသူမဦးနှောက်ထဲ

ဝင်ရောက်လာတဲ့အသိတရားက Rien

" Rien .....Rien ရော..."

မျက်ရည်တွေနဲ့အတူ
အရူးတစ်ယောက်လိုတတွတ်တွတ်အော်ခေါ်ရင်း မေးလိုက်တော့

အိမ်ရှေ့မင်း Almy ဟာ သက်ပြင်းချလိုက်သည်

" ကိုယ်တော် ကြိုးစားပြီးရှာကြည့်ပါတယ်.... အလောင်းကိုတော့ပြန်မတွေ့တော့ဘူး"

စိတ်မကောင်းဖြစ်တဲ့ဟန်ဖြင့်.....
သူမရဲ့ ကပိုကယိုကျနေတဲ့ ဆံနွယ်တွေကို အိမ်ရှေ့မင်းဟာပင့်တင်ပေးလိုက်သည်

"အရာအားလုံး Lillian ကြောင့်ဖြစ်ရတာပါ"

သူမရဲ့ အသံတွေက ဝမ်းနည်းဆို့နင့်မှုကြောင့် တုန်ခါနေခဲ့သည်

Rien မရှိတော့ဘူးဆိုတာ သူမရဲ့ ဦးနှောက်နဲ့ နှလုံးသားကလက်မခံနိုင်သေး

သွေးတွေစိုရွှဲနေတဲ့ ကျောပြင်နဲ့အတူ
တံတိုင်းပေါ်မှ ခုန်ချသွားတဲ့ Rien ရဲ့ ပုံရိပ်ဟာ
သူမမျက်စိထဲကမထွက်

The Queen & The Commander ( ဧကရီနဲ့တပ်မှူး)Where stories live. Discover now