Part 5

2.6K 103 6
                                    

သင်္ဘောပေါ်ရောက်တာနဲ့အရှိန်အဟုန်နဲ့လှုပ်ခတ်နေတဲ့ လှိုင်းတံပိုးတွေကိုငေးကြည့်ရင်း
Lillian ဟာငယ်ဘဝကိုပြန်အမှတ်ရမိတယ်

ဒီလိုပင်လယ်ခရီးကို Lillian လေး အသက် ၂ နှစ်အရွယ်ကတည်းက သွားဖူးနေကြဖြစ်သည်

ဒါပေမဲ့
ဖခင်နဲ့ မိခင်ရဲ့ဖြစ်ရပ်ဆိုးနောက်ပိုင်း
Lillian ဧကရီဟာသင်္ဘောမစီးတော့

အဲ့ဒီ့နေ့က Lillian ရဲ့ ၁၅ နှစ်ပြည့်မွေးနေ့
မိုးတိမ်တွေမှောင်မိုက်ပြီး လှိုင်းတံပိုးတွေထန်တဲ့အချိန်

မွေးနေ့အမှီပြန်လာမယ်ပြောပေမဲ့ ဖခင်နဲ့ မိခင်ဟာ ဘယ်တော့မှ Lillian ဆီပြန်မလာခဲ့ကြတော့

၁၅ နှစ်သမီးအရွယ်မှာ ဘုရင်မအဖြစ်တင်မြှောက်ခံရတဲ့ Lillian ဟာ ဝမ်းနည်းပူဆွေးရမဲ့အစား တိုင်းပြည်မျက်နှာကိုကြည့်ရင်း ယုံကြည်မှုရအောင်ကြိုးစားခဲ့ရတယ်

" သခင်မ အေးနေရောပေါ့"

ပြောပြောဆိုဆို သားမွှေး ကုတ်အင်္ကျီရှည်ကို Rien ဟာ သူမအပေါ်မရဲတရဲနဲ့ လွှားပေးလိုက်သည်

သူ့အပြုအမူကို သခင်မဟာ ဘာမှတုံ့ပြန်ခြင်းမရှိ အဝေးတစ်နေရာကိုငေးစိုက်နေသည်

ဘေးတိုက်ကြည့်တော့ ဖြောင့်စင်းနေသောနှာတံ နဲ့အတူ လေတိုက်တိုင်းလွင့်နေခဲ့တဲ့ ဆံနွယ်လေးတွေဟာ ညနေခင်းပင်လယ်နဲ့ပေါင်းစပ်လိုက်တော့
သိပ်လှတဲ့ပန်းချီကားတစ်ချက်လို

သခင်မဟာသိပ်ပြီးလှတယ်

သတိလက်လွတ်ငေးမောမိပေမဲ့ သူစိတ်ကိုထိန်းကာအနောက်ကိုပြန်ဆုတ်လိုက်သည်

" သခင်မကိုသာပြောနေတာ Rien ကရော
နေလည်းမကောင်းပဲ ဝတ်ထားတာပါးလျားနေတာပဲ"

ပြောပြောဆိုဆို ဧကရီဟာ Rien ရဲ့ နှဖူးပြင်ကို လက်ချောင်းသွယ်သွယ်လေးတွေနဲ့လာစမ်းတယ်

အဲ့ဒီ့ခဏမှာ Rien ဟာ ကျောက်ရုပ်တစ်ခုလိုတောင့်တင်းသွားခဲ့တယ်

လက်ချောင်းလေးတွေရဲ့ နူးညံ့မှုကိုသူခံစားလိုက်ရသည်
ဒီလက်ချောင်းလေးတွေဟာသူ့ရဲ့ငယ်ဘဝမှာလည်းစိုးမိုးခဲ့ဖူးသည်

The Queen & The Commander ( ဧကရီနဲ့တပ်မှူး)Tahanan ng mga kuwento. Tumuklas ngayon