Part 13

2.5K 89 6
                                    


ဝေဝါးနေတဲ့မျက်လုံးတွေကိုအသာအယာဖွင့်ကြည့်လိုက်တော့

သူရောက်နေတာ Solis ရဲ့ နန်းတွင်းထဲမှာ

" အရှင် အဆင်ပြေလား"

သူ့ကိုငုံ့မိုးမေးနေကြတဲ့ မျက်ဝန်းတွေကြားမှာ ဧကရီLillian ကိုမတွေ့ပါ

ဘာတွေဖြစ်ခဲ့တာလဲ

ရုတ်တရက်မို့ဦးနှောက်ထဲမှာ
နောက်ဆုံးမှတ်မိခဲ့တဲ့မှတ်ညဏ်ကိုပင်ပြန်တွေးမရခဲ့

" ငါတို့ ဒီပွဲနိုင်ခဲ့လား"

တိုးဖျော့ မောဟိုက်စွာမေးတော့ ဘေးကစစ်သူကြီးက ခေါင်းညိတ်ပြသည်။

Monstrum တွေနောက်ဆုတ်သွားပါပြီအရှင်တဲ့

"သို့ပေမဲ့ ဧကရီ ကရော"

သူ့မေးခွန်းကိုဖြေဖို့ အားလုံးဟာ တုံ့ဆိုင်းနေကြသည်။

" အရှင်မကို Monstrum တွေ ခေါ်သွားတယ်အရှင်
ကျွန်တော်မျိုးတို့မတားဆီးနိုင်ဘူး"

" ဘာ..."

မမျှော်လင့်ထားတဲ့စကားကြောင့် အရှင် Drago ဟာ ငုတ်တုတ်ထထိုင်ရင်းဓားကို ကိုင်စွဲမိရက်သားဖြစ်သွားသည်။

ခေါင်းထဲမှာ ရိပ်ခနဲမူးဝေနေတဲ့ ခံစားချက်တချို့နဲ့အတူ ပြတ်ရှရာတချို့ဟာ တဖျင်းဖျင်းစပ်နေခဲ့သည်။

" အရှင်... ဘယ်သွားမလို့လဲ"

" သခင်မဆီ"

ဦးနှောက်ထဲမှာ Lillian ကလွဲရင် ဘာကိုမှမမြင်နိုင်အောင် ကန်းနေခဲ့သည်။

Lillian... မောင်တော့်ရဲ့ တစ်ဦးတည်းသောဧကရီ
အတိတ်နဲ့ ပစ္စုပ္ပန်အားလုံးကို သူထင်ထင်ရှားရှားမှတ်မိလာပြီဖြစ်သည်။

တရေးရေးမှတ်မိလာတဲ့ မှတ်ညဏ်တွေနဲ့အတူ

သူဟာ ချပ်ဝတ်တန်ဆာကိုခဲရာခဲဆစ်ဝတ်ဆင်လိုက်သည်။

" ကိုယ့်ရဲ့ဧကရီကိုဘယ်သူမှမထိရဘူး"

မြင်းကို ညနက်မှောင်မှောင်ကနေ မဲမဲမြင်ရာခုတ်မောင်းလာခဲ့တာ အာရုံပျိုးတဲ့အထိ

The Queen & The Commander ( ဧကရီနဲ့တပ်မှူး)Where stories live. Discover now