Part 7😻

134 26 0
                                    


Zawgyi

*ဖုန်းကိုင်စမ်းပါကွာ*

ကျင်းရီ ကို ဖုန်းခေါ်တာလဲမကိုင်
ဘယ်မှာလိုက်ရှာရမလဲ...

ရှာမနေတော့ပါဘူး အတန်းတက်ပီး
စာကူးပေးထားရမယ် အဆို
နဲနဲတော့ ချော့ရလွယ်လောက်တယ်

*ဟွန့် သူ့အလှည့်ကျတော့ စိတ်ဆိုးတယ်
အင်း ငါလဲ နဲနဲတော့ လွန်သွားတယ်
ထင်ပါရဲ့ ဟူး....*

ကျင်းလင် ညနေကျောင်းဆင်းတော့
ဘာနဲ့ ပြန်ရမှန်းမသိ တယောက်ထဲ
ကျောင်းရှေ့ ယောင်လည်လည်...

ကျင်းရီ ကတော့ ပေါ်မလာခဲ့ပါ
ဒီလောက်တော့ အပြစ်ပေးသင့်တယ်မလား
အိမ်ကို တယောက်ထဲ ပြန်ရတာ
လွယ်ပါတယ်...

"ဟိတ် ငမွှေထိုး လေး
အိမ်မပြန်သေးလူးလား"

စစ်ကျွေး ပြန်ခါနီး ကျောင်းရှေ့
ဟိုဘက်လျှောက်လိုက် ဒီဘက်
လျှောက်လိုက်လုပ်နေသော ကျင်းလင်
တွေ့လို့ ကားကို အနားမောင်းသွားပီး
မေးလိုက်သည်...

ကျင်းလင် သူ့ရှေ့ ကားရပ်ပီး သူ့ကို
ငမွှေထိုး ခေါ်နေသော ထိုလူကို
အော်ကွဲပြစ်ချင်ပါသော်လည်း
အသံကို ထိန်းကာ...

ကျင်းလင် "ဟို ကောက
မနက်ကတည်းက ဘယ်သွားမှန်းမသိဘူး
ကားလဲယူသွားတယ် ဖုန်းဆက်တာလဲ
မကိုင်ဘူး လာလဲမခေါ်ဘူး အက်တာ
အခု ဘလို ပြန်ရမလဲ စဉ်းစားနေတာ "

စစ်ကျွေး "အော် စိတ်ဆိုးနေတဲ့
လူကလာခေါ်မလား အခုထိ
မချော့ရသေးဘူးပေါ့"

ကျင်းလင် "အင်း ကျနော် ကို
အိမ်လိုက်ပို့ပေးပါလား "

ကျင်းလင် "လုပ်ပါ လိုက်ပို့ပေးပါ နော် "

စစ်ကျွေး သူ့ရှေ့က ကောင်လေးကို
အသဲယားလာသည် စချင်တာနဲ့...

စစ်ကျွေး "အဟက် 'လိုက်ပို့ပေးရင်
ဘာရမှာလဲ"

ကျင်းလင် တယောက် စစ်ကျွေး ရဲ့
အပြုံးတို့ကို ငေးမောမိသည်...

*အရမ်း မပြုံးပါနဲ့လား ဗျာ*

ကျင်းလင် "အကိုက ဘာလိုချင်လို့လဲ "

စစ်ကျွေး "အခုတော့ မလိုသေးဘူး
နောက်မှ"

ထို့နောက် စစ်ကျွေး က ကျင်းလင် ကို
အိမ်လိုက်ပို့ပေးသည် တလမ်းလုံး
ဘာစကားမှမပြောဖြစ်ကြ ကျင်းလင် မှာတော့
စစ်ကျွေး ကို ခိုးခိုးကြည့်ပီး ရင်ခုန်သံတွေ
ဆူညံနေလို့ တယောက်သောသူ
ကြားသွားမှာပင်ကြောက်နေရသည်...

💙💛💙❤Where stories live. Discover now