part 22😻

207 22 8
                                    

Zawgyi

"ဘာလုပ်နေတာလဲ "

အခန်းထဲရောက်လာသော ကျင်းရီ...

ကျင်းလင် မျက်မှောင်ကျုပ်ကာ...

"ဘာလုပ်နေလို့လဲ စိတ်ညစ်ရတဲ့ထဲ"

ထူးထူးဆန်းဆန်း နဲ့ ကိုယ်တော်ချောက
စိတ်ညစ်နေတယ် ဆိုပဲ...

"ဘာဖြစ်လို့လဲ မင်းမှာ
စိတ်ညစ်စရာရှိတယ်တဲ့လား
ယုံတောင်မယုံနိုင်ဘူး "

မိမိအိပ်ရာပေါ် တက်ထိုင်ရင်း
ပြောလာသောကျင်းရီ...

တကယ် စိတ်ညစ်နေတာကို...

"မယုံဘာလို့ လာမေးနေသေးလဲ
သွား ကိုယ့်အခန်းကိုယ်သွား"

ကျင်းရီ သိသလောက်ကတော့
သူတို့အတွက် စိတ်ညစ်စရာ မရှိပါ...

"ရော် စိတ်ညစ်တာပြောပြ
ဘာကြောင့်စိတ်ညစ်နေတာလဲ"

ကျင်းလင် သက်ပြင်းချလိုက်မိသည်...

"မသိချင်စမ်းပါနဲ့"

တကယ် စိတ်ညစ်နေဟန်ရှိသော
ကျင်းလင် ကြောင့် ကျင်းရီ တွေဝေသွားသည်...

"တကယ်ပဲ ဘာဖြစ်နေတာလဲ "

ကျင်းလင် အကြောင်းရာတခုကို
ရေရွတ်လိုက်သည်...

"မနေ့က စစ်ကျွေး ကောက
ငါ့ကို ဖွင့်ပြောခဲ့တယ် "

"ဒါများ ဘာ !!! ဘာပြောတယ်
မင်းအဖြေပြန်ပေးလိုက်လား
ဘလိုပေးလိုက်လဲ"

ကျင်းရီသိသလောက်ကတော့
ဒါက စိတ်ညစ်စရာ မဟုတ်ဘူး
ထင်ပါရဲ့...

ကျင်းလင် မျက်နာသေဖြင့်...

"ငါစဉ်းစားအုံးမယ်လို့ ပြောခဲ့တာ"

ရိုးရှင်းစွာ ပဲ ကျင်းရီ ပြန်မေးလိုက်သည်...

"ဘာဖြစ်လို့လဲ မင်းသူ့ကို
မချစ်လို့လား "

ကျင်းလင် ချစ်ပါသည်...

ဘသူက မှ တားဆီးမရပါ...

"ငါသူ့ကို ချစ်ပါတယ် ဒါပေမယ့် "

ကျင်းရီ ကျင်းလင် ကို တွန်းလိုက်ပြီး
ကျင်းလင် ဘေးဝင်အိပ်ရင်း...

"ဘာလဲ ဘာကို ကြောက်နေတာလဲ"

သူကြောက်နေခဲ့သည်လား...

💙💛💙❤Where stories live. Discover now