Part 11😻

138 22 2
                                    

Zawgyi

ကျင်းရီ နဲ့ ကျင်းလင် တို့ စစ်ကျွေး
ပြောတဲ့အတိုင်း စစ်ကျွေးနဲ့ လိုက်သွားကြသည်
ပီးတော့ စစ်ကျွေး နဲ့ သငယ်ချင်း ဖြစ်တဲ့
အနေနဲ့ အပြင်မှာ နေ့လည်စာတူတူ
စားခဲ့ကြသေးသည်...

ကျင်းလင် ကတော့အပြုံးတွေကို
ရက်ရက်ရောရောအလှူလုပ်သလို
ဖောဖောသည်သည် နဲ့ အားတိုင်း
ပြုံးနေတဲ့ စစ်ကျွေး ခိုးခိုးကြည့်ပီး
တိတ်တဆိတ် ရင်ခုန်နေလေရဲ့...

ကျင်းရီ ကတော့ ပုံမှန်အတိုင်းသာ...

စစ်ကျွေး သူ့ကို ခိုးခိုးကြည့်နေတဲ့
ကျင်းလင် ကို အသဲယားလာသည်
သူ့အကိုသာ မရှိရင်တော့...

စစ်ကျွေး "ရောက်ပါပီ ဗျာ"

ကျင်းရီ တို့အိမ်ရောက်တော့
ကားပေါ်မှဆင်းရင်း...

ကျင်းရီ "နေအုံး ကောက အိမ်ကို
ဘလိုလုပ်သိတာလဲ "

ကျင်းလင် အငေးလွန်နေတာ
အိမ်ရောက်တာတောင်
ကျင်းရီ အသံကြားမှ သတိဝင်လာကာ
သိတဲ့အဖြစ်...

ကောက ဖမ်းစားနိုင်လွန်းတယ်...

ကျင်းလင် "ဟိုနေ့က မင်းငါ့ကို
ထားခဲ့တုန်းက ကောက
အိမ်ပြန်လိုက်ပို့တာလေ"

ကျင်းရီ "အော် အင်း ကျေးဇူးပါကော
ကောင်းကောင်းပြန်ပါ"

ကျင်းလင် "ဟို ကျေးဇူးတင်ပါတယ်
ကျောင်းကျမှတွေ့မယ်နော် "

စစ်ကျွေး "အင်း ကော သွားပီနော် တာ့တာ "

စစ်ကျွေး ရဲ့ ကားလေး
ထွက်သွားပီး ကြာမှ
ကျင်းလင်တို့ အိမ်ထဲဝင်ခဲ့ကြသည်...

........

စစ်ကျွေး ကားမောင်းရင်း
ဇီကျိန်း စီ ဖုန်းခေါ်လိုက်တယ်...

........

ဇီကျိန်း ကျင်းရီ နဲ့ နီးစပ်ဖို့
ဘလိုလုပ်ရမလဲ စဉ်းစားနေတုန်း
ဖုန်းဝင်လာလို့ ကိုင်လိုက်သည်...

ဇီကျိန်း "ပြော ဖေ့သားလေး"

စစ်ကျွေး "ခွေးကောင် မင်းအတွက်
အခွင့်ရေး ရပီ"

ဇီကျိန်း "ဘာရီး"...

စစ်ကျွေး "ကျင်းရီ "

💙💛💙❤Where stories live. Discover now