part 18😻

126 22 0
                                    

Zawgyi

"ကိုယ်ပါ"

ကျင်းလင် "ရှောင်မင်"

ရှောင်မင်"အင်း ဘာလို့အမြန်
ပြေးနေကြတာလဲ"

ကျင်းလင် အမှန်တိုင်းသာ
ပြောလိုက်သည်...

ကျင်းလင် "အော် အက်တာက
ကျင်းရီ သူ့ချစ်သူက သူ့ကို
စိတ်ဆိုးနေလို့ ချော့မလို့တဲ့"

ရှောင်မင် "ချစ်သူ သူ့မှာ
ချစ်သူရှိတယ်လား"

ကျင်းလင် "အင်းလေ နေ့လည်က
တောင်မင်းနဲ့ တွေ့ခဲ့သေးတာပဲ
အက်နှစ်ယောက်ထဲက တယောက်
ငါကိုယ်တိုင် အောင်သွယ်ပေးထားတာ"

ရှောင်မင် "ဘာပြောတယ် ကျင်းလင် "!!

ကျင်းလင် ရှောင်မင် က သူ့ကို
မီးတောက်နေတဲ့ မျက်လုံးများနဲ့
ကြည့်ပီး အော်လိုက်တာမို့
လန့်သွားသလို ဒေါသလဲထွက်မိသည်
တကယ် ဆို သူတို့ရဲ့ ဆက်ဆံရေးက
အခုမှသိတဲ့လူတွေလေ အိမ်ကမိဘတောင်
သူ့ကိုမအော်ဖူးဘူး...

ကျင်းလင် "မင်းငါ့ကို ဘာကိစ္စ
အော်ရတာလဲ ငါပြောတဲ့ထဲ
ဘယ်နားအမှားပါသွားလို့လဲ ဟမ်
ငါ့ကိုမအော်နဲ့ ငါမကြိုက်ဘူး
ဖယ် ငါသွားမယ် "!!

ကျင်းလင် ပြောပြီး ထိုနေရာမှ
အမြန်ပြေးထွက်လာခဲ့သည်
ရှောင်မင် ဘလိုကျန်ခဲ့သလဲ သူ
စိတ်မဝင်စားပါ...

*စစ်ကျွေး ကောနဲ့ တွေ့ရမဲ့အချိန်တွေ
ပုတ်တယ် *

..............

ကျင်းရီ ဇီကျိန်း ကားနားမှာ
စောင့်နေလိုက်သည်...

ဇီကျိန်း မိမိကားနားမှာ
ရပ်နေသော မိမိချစ်ရသူကြောင့်
အနားသွားလိုက်ပီး...

ဇီကျိန်း "ကလေး ဘာလုပ်နေတာလဲ "

ကျင်းရီ "ကော ကျနော်ကို
စိတ်မဆိုးပါနဲ့နော် ကျနော်ကို
ကော စိတ်ဆိုးတော့ မနေတက်ဘူး
တောင်းပန်ပါတယ် ကျနော်
မှားပါတယ် စိတ်မဆိုးပါနဲ့နော် "

ဇီကျိန်း "ကလေး"

ကျင်းရီ "စိတ်မဆိုးပါနဲ့တော့နော်
ကျနော် ကောကျေနပ်တဲ့အထိ
တောင်းပန်ပါတယ် "

ကျင်းရီ ဇီကျိန်း လက်ကို
ကိုက်လိုက်ပီး ပြောလိုက်တော့...

💙💛💙❤Where stories live. Discover now