Part-1

13.2K 661 103
                                    


အကုသိုလ်များမဲ့ fic မို့ ဖတ်ချင်မှ ဖတ်ကြပါ။
ကိုယ့်ဟာကို လျှာရှည် ဖတ်ပြီးတော့မှ စိတ်ပျက်တယ်တို့ဘာတို့ ပြောရင်တော့ ဖတ်ချင်တာကိုး ခံပေါ့ ။
ဒါက Yizhan fic မဟုတ်တဲ့ Yizhan fic ပါ။
Yizhan တော့ ဟုတ်တယ် ဒါပေမဲ့ မဟုတ်ပြန်ဘူး နားလည်ကြမယ်ထင်တယ် ။ ဇာတ်နာတာကတော့
တစ်ဖက်သားကိုသာ မဟုတ်ဘဲ နှစ်ဖက်လုံးကိုပါ ။
Male pregnant မို့ ကြိုက်တဲ့လူဖတ် ၊ မကြိုက်ရင် မြှားလေးကို နှိပ်ပြီး ပြန်လှည့်ထွက်လိုက်ပါ။
Repent ဆိုတာက ' နောင်တ' ပါနော်!

*****Repent*****

  ' ခွမ်း '

လက်မှာ ဆပ်ပြာရည် ချောနေတာနဲ့
ပြီးတော့ သားငယ်လေး ငိုသံကြောင့် သူလောနေခဲ့တာ ။  ဆေးမည့် ပန်းကန်ကို ကိုင်လိုက်တော့ ပန်းကန်က ကြမ်းပြင်နှင့် မိတ်ဆက်သွားရသည်။
အိမ်တော်က အသံ လှုံသည်မို့ တစ်ခုခုကျသံတွေဆို ကျယ်နေအောင် ထွက်လာတတ်တယ်။

  " ဘာလဲ.ဘာဖြစ်တာလဲ..ရှောင်းကျန့်.နင် အလုပ်ကို သေချာမလုပ်တတ်ဘူးလား
.တစ်နေ့တစ်နေ့ ဘာတွေးနေလို့ ဒီပန်းကန်လေးတောင် မကိုင်နိုင်တော့ဘူး "

ယောက္ခမဖြစ်သူရဲ့ ဆူပူကြိမ်းမောင်းမှုတွေ ရှောင်းကျန့်ကြားရတာ နားကျင့်သားရနေပြီ။
သူဘာလုပ်လုပ် အမြဲတမ်း အပြစ်ပြောတတ်တဲ့ ယောက္ခမကြီး၊ ကျွန်တော့ယောင်္ကျားရဲ့မွေးတမိခင်။
အမေနဲ့ ရန်ဖြစ်တိုင်း သူ့ယောင်္ကျားက သူ့ကို ကာကွယ်ပေးတယ်မထင်ပါနဲ့ မှားသွားဦးမယ်။

  " သေချာပြောင်အောင်  လှဲထား.ကြားလား "

" ဟုတ်ကဲ့ အမေ "

သားငယ်လေးရဲ့ ငိုသံကို လျစ်လျူရှုကာ
ကျကွဲနေသော ပစ္စည်းကို သေချာသိမ်းစည်းလိုက်ပြီး
အခန်းထဲ လျင်မြန်စွာ သွားရသည်။

  " အို..၀ူရှန့်လေးက နိုးနေတာပေါ့..မငိုနဲ့ ကလေးတိတ်တိတ်.."

ဝူရှန့်လေးက  ၉ လသာ ရှိသေးသည့် သားလေး။
အိပ်ယာမှ နိုးတာနဲ့ နို့တောင်းတတ်လို့ ကိုယ့်ကို မမြင်ရင် သူလေး ငိုတတ်သည်။

ကလေးကို အရင်ဆုံး သန့်ရှင်းပေးပြီးကာမှ
နို့တိုက်လိုက်တယ် ။
တစ်နေ့တစ်နေ့ ဒီအလုပ်တွေ လုပ်ရတာ အရမ်းပင်ပန်းလာတယ်။
ကလေးက ကလေးမို့ဆိုပြီး ကလေးကတစ်ဖက် ၊ အိမ်အလုပ်တွေက တစ်ဖက် ၊ ကိုယ့်မှာ ပင်ပန်းနေလည်း မငြီးရဲတာကြောင့် သူတို့ပြောသမျှ လိုက်နာခံနေရုံကလွှဲပြီး ။
ဟုတ်တယ် ကျွန်တော်က ဒီအိမ်ရဲ့ ချွေးမနေရာယူထားတာ..၀မ်ရိပေါ်က ကျွန်တော့ တစ်ဦးတည်းသော ယောင်္ကျားပဲ ။ ပြီးတော့..သူနဲ့ကျွန်တော်တို့ရဲ့သားလေး ၀ူရှန့် ။ အိမ်ထောင်သည်တွေ သဘာဝတော့ သူတို့နှစ်ယောက် ရန်ဖြစ်တာတွေလဲ ရှိတာပေါ့ ။
ရန်ဖြစ်တာကလဲ သေးသေးမွှားမွှား ကိစ္စပဲ ။
ရိပေါ် အပြင်သွားတိုင်း ရှောင်းကျန့် စိတ်ပူလို့ စောစောပြန်လာပါ ဖုန်းလေးဆက်မိတာကို သူ့ကို ချုပ်ချယ်တယ်ဖြစ်ရော ။ မိန်းကလေးတစ်ယောက်နဲ့ တွဲမြင်လို့ သ၀န်တိုတာလေးကို ကလေးဆန်တယ် ပြောလို့မပြီးတော့ဘူး ။
ချစ်လားမေးတော့ မဖြေဘူး..
မချစ်လားဆိုလည်း မဟုတ်ဘူး..
သူက ကိုယ့်အပေါ် တာဝန်တရားကျေပွန်တဲ့ ခင်ပွန်း.

𝗥𝗘𝗣𝗘𝗡𝗧 (𝗭𝗚,𝗨𝗡𝗜)  𝗠𝗽𝗿𝗲𝗴.𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙Where stories live. Discover now