အကုသိုလ်များမဲ့ Fic မို့ သေချာစဉ်းစားပြီးမှ ဖတ်ပါ။
ဟိုမကြိုက်ဘူး ဒီမကြိုက်ဘူး လာမပြောပါနဲ့
ကိုယ်က ကိုယ်စဉ်းစားထားပြီးသား plot အတိုင်းပဲ ရေးမှာပါ။***********
ဒီတစ်လော ရိပေါ်က သိသိသာသာ ခြေလမ်းပြောင်းနေသည်။
ပုံမှန် ၆ နာရီ အလုပ်ဆင်းတာကို အခု ၁၀/၁၁ နာရီမှ အိမ်ပြန်ရောက်တယ်။ တစ်ချို့နေ့တွေဆို တစ်ကိုယ်လုံး အရက်နံ့မွန်ထူနေတာပဲ ။
မူးလာရင် ကိုယ့်ကို အနိုင်ယူတတ်သည်..ပုံမှန်ထက်လည်း ကြမ်းတမ်းခဲ့တယ်..ပြီးတော့ ရှောင်းကျန့်ကို စိတ်ကွက်စေတာက ကိုယ့်ကို ပြုလုပ်နေရင်း ရိပေါ်နှုတ်က တစ်ခြားလူနာမည်တွေ ပြောတာပဲ ။" ဒါလင်..ဒီနေ့ ဟန်နီတို့ အပြင်သွားကြမလား..အိမ်မှာ ပျင်းနေတာ.ဒီနေ့ ရုံးလဲ ပိတ်တယ်ဆိုတော့လေ "
ကိုယ့်ချစ်သူကို ချွဲမိတာ.သူ့စီက နွေးထွေးမှုတွေ မရတော့တာ ကြာပြီ..ကိုယ့်ကို သူဘယ်လိုတုန့်ပြန်လာမလဲဆိုတာ သိချင်သေးတယ်။
" ဟန်နီ..နောက်နေ့မှ သွားရအောင်လေ..နော် အခု ကိုယ်က သူငယ်ချင်း မွေးနေ့သွားမှာမို့ "
အဲ့လိုလေးပြောတော့ ရှောင်းကျန့် မျက်နှာပျက်သွားသည်။
" အာ.အင်းပါ.ညလည်း မနက်စေနဲ့နော်.ကျွန်တော်စောင့်နေမှာမို့ "
" ok..ဒက်ဒီ သားလေးရေ တာ့တာ ပြပါဦး.ကိုယ်သွားပြီနော်.ဟန်နီ "
" တာ့တာ "
.......................
ဒီနေ့လည်း ရိပေါ် ညအိမ်ပြန်မအိပ်တော့ဘူးထင်ပါတယ်။
၉ နာရီရှိနေပြီလေ ။မော့ရှန်း ပြောသလို နင့်ယောင်္ကျားကို သူများ စနိုက်ကျော်သွားမှာကို မကြောက်ဘူးလားတဲ့ ။
လူပျိုတုန်းက ရိပေါ် ခြေရှုပ်တယ်ဆိုတာ မှန်ပါတယ် သားနဲ့ယောင်္ကျား ရပြီးတော့ သူပြောင်းလဲလာမှန်း ကိုယ်ယုံကြည်နေမိတာ ။ အခုလို ပုံစံဆိုရင် သူကြောက်နေတယ် တကယ်လို့သာ ရိပေါ် သစ္စာဖောက်ခဲ့ရင် သူရင်ကွဲရလိမ့်မယ်..သူတစ်ခုခုစုံစမ်းမှ ဖြစ်တော့မည်..
အရင်ဆုံး သူငယ်ချင်းဖြစ်သူကို သတိပေးထားရမယ်..
YOU ARE READING
𝗥𝗘𝗣𝗘𝗡𝗧 (𝗭𝗚,𝗨𝗡𝗜) 𝗠𝗽𝗿𝗲𝗴.𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙