အကုသိုလ်များမဲ့ Fic မို့ သေချာစဉ်းစားပြီးမှ ဖတ်ပါ။
ဟိုမကြိုက်ဘူး ဒီမကြိုက်ဘူး လာမပြောပါနဲ့
ကိုယ်က ကိုယ်စဉ်းစားထားပြီးသား plot အတိုင်းပဲ ရေးမှာပါ။Warning အထပ်အခါခါ ပေးပြီနော် !
______________
ဘေဘီနဲ့ မဒိတ်တာကြာသွားပြီဆိုတော့ ဘေဘီတောင်းဆိုတဲ့အတိုင်း..အပြင်ထွက် ဒိတ်ကြတဲ့သူတို့နှစ်ယောက်က mall တစ်ခု အရှေ့မှာ ရှောင်းကျန့်နဲ့တူတဲ့လူနဲ့၊ ယောင်္ကျားတစ်ယောက်ကို တွေ့တယ်။
လူတွေ အဲ့လောက်များတဲ့ mall မှာတောင် မရှောင်
အနမ်းပေးနေကြတာ ။ရိပေါ်က သူတို့လှုပ်ရှားမှုတွေကို ဆက်ကြည့်နေပြီး သူကြည့်နေသော ကောင်လေးက ရှောင်းကျန့်မှန်း သေချာသိသွားတော့ သူစိတ်တိုသွားတယ် ။
ကိုယ်နဲ့ကွာရှင်းခဲ့တာ အဲ့တာကြောင့်လဲ ပါမှာပေါ့..ဟက်အ၀တ်ရွေးနေတဲ့ ဘေဘီကို ထားခဲ့ပြီး ရှောင်းကျန့်ရှိတဲ့နေရာကို သွားလိုက်သည်။
" ရှောင်းကျန့် အဆင်ပြေသွားပြီလား "" ဟုတ်ကဲ့..ခဏက မျက်လုံးမှာ ကန့်နေတာ..အခုကောင်းသွားပြီ "
ကိုယ့်မျက်တောင်က မျက်လုံးတွင်းမှာ ကန့်လန့်ရှိနေသောကြောင့် မျက်လုံးထဲက နေရခက်ပြီးစပ်နေတာ..ကိုယ့်လက်တွေက အထုပ်တွေနဲ့ မအားတော့ ဒါကြောင့် ကျီယွမ်က ကူညီပေးလိုက်ရသည်။
~ခွပ်~
ဝမ်ရိပေါ်က ကျီယွမ်ကို ထိုးလိုက်တော့ ကျီယွမ် လှဲသွားတယ်။ ဒါပေမဲ့ ရိပေါ် ဂရုမစိုက်ပါဘူး..သူသိတာက ရှောင်းကျန့်ကို သူနဲ့ပြန်လိုက်ခဲ့ဖို့ပဲ။
" ဟန်နီ..ငါနဲ့လိုက်ခဲ့ "
" ခင်ဗျား..၀မ်ရိပေါ်..ဘာလုပ်တာလဲ ! ငါ့လက်ကိုလွှတ်..ကျီယွမ် "
ကျီယွမ်ကို ဖြစ်ချင်သလို ထိုးပြီး ကိုယ့်လက်အား ဆွဲခေါ်သွားတဲ့ ၀မ်ရိပေါ် ။ ဘာကိစ္စနဲ့ ကျီယွမ်ကို ထိုးလိုက်တာလဲ !
" မင်းသူနဲ့ သာယာချင်လို့ ငါ့ကို ပြတ်တာလား ဟုတ်တယ်မလား..
အခုမှ မသိသလို ဟန်ဆောင်မနေနဲ့..မင်းတို့ နမ်းနေကြတာ ငါမြင်တယ်.. "
YOU ARE READING
𝗥𝗘𝗣𝗘𝗡𝗧 (𝗭𝗚,𝗨𝗡𝗜) 𝗠𝗽𝗿𝗲𝗴.𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙