Final ကို စိတ်ကျေနပ်မှုမရှိခဲ့ရင် စာရေးသူ၏ အပြစ်သာ ဖြစ်သည်။
____Repent____
🌿☘️🍁
5 years later" ပါပါးး "
ကလေးငယ်တစ်ယောက်က သူ့အဖေကို ပြေးခုန်ပြီး ပွေ့ဖက်တယ်..ကလေးငယ်ရဲ့ ပါပါးဟာလည်း ခန္ဓာကိုယ်သေးသေးလေးကို နွေးထွေးစွာ ထွေးပွေ့ထားပြန်သည်။
" ပထမဆုံး.ကျောင်းတက်ရတာ ဘယ်လိုနေလဲ..ဝူရှန့်လေး "
" သားသား..ရမ်းရမ်းပျော်တယ်.ကျောင်းမှာ သူငယ်ချင်းတွေလည်း များကြီးပဲ "
နဂိုကတည်းကပင် သူငယ်ချင်းမက်သူလေးမို့လား မသိပါဘူး..ကျောင်းမှာ သူ့လေးရဲ့ကစားဖော်တွေ အများကြီးရှိကြောင်း ကြွားပြနေသည်။
" ဟုတ်လား..ပါပါး သားလေးက တော်လိုက်တာ"
~Chu~
အိတုန်နေတဲ့ ပါးပြင်ငယ်ကို ရှောင်းကျန့် နမ်းလိုက်တယ်။
" ပြီးတော့ ပါပါး..သူတို့ကလေ
ဝူရှန့်ရဲ့ ပါးကို ခဏခဏ လာညှစ်တယ်ရယ်.ဘာလို့လဲဟင် "" သားလေးက ချစ်ဖို့ကောင်းတော့ သူတို့ညှစ်တာနေမှာပေါ့.."
သားငယ်က မြင်သူသမျှ ချစ်ချင်စရာကောင်းအောင် ချစ်ဖို့ကောင်းနေတာကိုး။
စကားလည်း အရမ်းတတ်တယ်။
ဖောင်းနေသည့် ပန်းနုရောင်ပါးလေးက ရှောင်းကျန့်ရဲ့ အသက်ကလေးပေါ့။တီတီတာတာ စကားသံတြွေဖင့် သားဖနှစ်ယောက်လုံး အိမ်ထဲသို့ဝင်သွားခဲ့သည်။
အသက် ၅ နှစ်ကျော်လေး ဝူရှန့်က ကောင်းကောင်းကြီးပြင်းလာခဲ့ပါသည်။ သားလေးအတွက် ကိုယ်ကြိုးစားခဲ့သမျှ အခုတော့ အရာထင်ခဲ့ပြီလေ။
တစ်ခုသော အရာကလွှဲလို့ သားလေးကို တစ်ခြားကလေးတွေလို ပြည့်ပြည့်စုံစုံ ထားနိုင်ခဲ့ပါတယ်။ ကျီယွမ်ရဲ့ကျေးဇူးကြောင့် ရှောင်းကျန့်က သူ့ဆိုင်ဝင်ငွေကနေ တစ်ဆင့် အိမ်တစ်လုံး ဆောက်နိုင်ခဲ့တယ်။ သားလေးနဲ့သူက အဆင်ပြေတဲ့ နေရာလေးမှာ ပျော်ရွှင်နေကြပြီဖြစ်သည်။အိပ်ယာဝင်ဖို့ လုပ်နေတုန်း သားလေးက သူ့ရင်ခွင် ထဲဝင်လာကာ စကားစပြောတယ်။
YOU ARE READING
𝗥𝗘𝗣𝗘𝗡𝗧 (𝗭𝗚,𝗨𝗡𝗜) 𝗠𝗽𝗿𝗲𝗴.𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙