Part-3

4.3K 547 234
                                    

အကုသိုလ်များမဲ့ Fic မို့ သေချာစဉ်းစားပြီးမှ ဖတ်ပါ။
ဟိုမကြိုက်ဘူး ဒီမကြိုက်ဘူး လာမပြောပါနဲ့
ကိုယ်က ကိုယ်စဉ်းစားထားပြီးသား plot အတိုင်းပဲ ရေးမှာပါ။

အသုံးအနှုန်းတွေဟာ ကျန်တဲ့ fic တွေလို မတူပါဘူး။ အသုံးအနှုန်းနဲ့ပတ်သက်၍ sst ဖြစ်တယ်ဆို ဒီ fiction ကို ရှောင်ပါ ။
ရှောင်နေရင် ဘာပြသနာမှ မရှိတော့ပါဘူး ဟုတ်တယ်မလား။

....

  " ဒါလင် ! ဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူး "

" ဘာဖြစ်လို့ မဖြစ်နိုင်ရမှာလဲ?.သူ့အမေ အလုပ်ကိစ္စနဲ့ ခရီးသွားနေလို့ ဒီအိမ်မှာ ခဏလေး လာနေမှာ..ဘာပြသနာရှိနေလို့လဲ "
 
အကြောင်းကတော့ ပြောရရင် အန်တီကျိုးက ခရီးသွားနေလို့ သူ့သမီးကို အိမ်မှာ တစ်ယောက်တည်း မထားခဲ့နိုင်ဘူးဆိုပြီး ၀မ်အိမ်သို့ လာအပ်ထားခြင်းပါ။ အဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရှောင်းကျန့်က သဘောမတူချင်လို့ ရိပေါ်နဲ့တိုင်ပင်နေတာ သို့သော် ရိပေါ် တစ်ခွန်းမျှတောင် မငြင်းဘဲ သူမကို ဒီမှာ လာနေဖို့ လက်ခံလိုက်သည်။

" ပြီးတော့..ဒီအိမ်က ငါ့အိမ်..ဘယ်သူ ဘာဖြစ်ဖြစ်..ဟန်နီ မင်းဝင်ပါစရာမလိုဘူး "

~ ၀ုန်း ~

  တံခါးကို ၀ုန်းခနဲမြည်တဲ့အထိ သူဘာတွေစိတ်တိုသွားတာလဲ..

ရှီးမုံဆိုတဲ့ မိန်းကလေးက ကိုကို့အချစ်ဦးဆိုပြီး သိပြီးကတည်းက ရှောင်းကျန့်မှာ သူမအပေါ် အမြင်မကြည်တာတွေ ရှိလာတယ်။
ကိုယ့်ယောင်္ကျားကို ကိုယ့်ထက် ပိုင်စိုးပိုင်နင်း လုပ်ချင်နေတဲ့ သူမကို ရှောင်းကျန့် ရိပ်မိနေတယ်။
ဒါလင်ကလည်း ရှီးမုံကိုဆို တယုတယ ဆက်ဆံလေ့ရှိသည်။ သူမ ရောက်လာတဲ့ကစ ရိပေါ် သူ့ကို အေးစက်သွားတယ် ။

  " အူဝါးး.."

စူးဝါးတဲ့ ၀ူရှန့် ငိုသံကြောင့် ရှောင်းကျန့် အတွေးတွေ ဖျက်၍ ကလေးစီ သွားတယ်။

   " မင်း ဒက်ဒီက ပါပါးကို မလိုတော့ဘူးထင်တယ်.
ကလေးရေ..ပါးနဲ့ ဒီထက်ပျော်ဖို့ကောင်းတဲ့ နေရာ သွားကြမလား "

   " အဲ.. "

" ဘာပြောတာ..မသိလိုက်ဘူး.ပြန်ပြောပါဦး"

𝗥𝗘𝗣𝗘𝗡𝗧 (𝗭𝗚,𝗨𝗡𝗜)  𝗠𝗽𝗿𝗲𝗴.𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙Where stories live. Discover now