528 and 1500 (Part - 1)

603 33 1
                                    

528 and 1500 (Part - 1)

တီ...တီ..

ခြံ​ရှေ့မှ ကားသံ ကြားလိုက်​သည်​နှင့်​ Miyoung အ​ဖေ ​ခေါင်း​ထောင်​လာသည်​..

အခုချိန်​ထိ သူတမင်​ မအိပ်​ ပဲ​စောင့်​​နေခြင်းဖြစ်​သည်​..

'သမီး.. ဘယ်​အချိန်​ရှိ​နေပြီလဲ'

'......'

'Appa ကလဲ အချိန်​သိချင်​ရင်​ နာရီကြည့်​ပါလား.. ဘာလို့ သမီးကို လာ​မေး​နေတာလဲ?? '

'အ​ဖေကို ​ပြောင်​​ခြော်​​ခြော်​​ ​တွေလာ​ပြောမ​နေနဲ့.. ဘယ်​အချိန်​ရှိပြီလဲ..ဒီချိန်​မှ အိမ်​ပြန်​လာရလား..ဒါ မိန်းက​လေး တစ်​​ယောက်​ အိမ်​ပြန်​ရမယ့်​အချိန်​လား? '

'အာ.. သမီး သူငယ်​ချင်း ​မွေး​နေ့ရှိလို့ပါဆို..'

'​ပြောလိုက်​ ဆင်​​ခြေ ဆင်​လက်​ ​တွေချည်းပဲ.. အခု ဘယ်​က ပြန်​လာတာလဲ? '

'Club'

'ဘာ!?'

'ဟို​လေ.. အခု​ခေတ်​ ​မွေး​နေ့ ပွဲ​တွေက Club မှာပဲ လုပ်​ကြ​တော့တာ.. အာ့​ကြောင့်​.. သမီး မလိုက်​ချင်​ဘူး ငြင်းပါ​သေးတယ်​..hehee.. မ​ကောင်းတတ်​လို့ '

'မဖြစ်​​တော့ဘူး.. နင့်​ကို ငါတစ်​ခုခု စီစဉ်​ ​ပေးမှ ဖြစ်​​တော့မယ်​..'

Miyoung's Mom -

'ဟုတ်​တယ်​.. ဒီ​ကောင်​မ​လေး ကို ဒီတိုင်းလွှတ်​ထားလို့ မရ​တော့ဘူး.. '

'ငါ စီစဉ်​ထားတာ က အ​ဖေ့ သူငယ်​ချင်းသား.. သူအ​ဖေက အ​ဖေ့ အ​ပေါ်မှာ ​ကျေးဇူး ​တွေ ရှိခဲ့ဖူးတယ်​.. သူ ​နောက်​အပတ်​​နေ.. '

'Appa?!'

Miyoung တစ်​​ယောက်​ အလန့်​တကြား မျက်​လုံးပြူး မျက်​ဆန်​ပြူး နှင့်​ ထ​အော်​​တော့သည်​..

'သမီးကို ​ယောကျာ်း ​ပေးစား မလို့လား? အမ​လေး.. အဲ့လို​တော့ မလုပ်​ပါနဲ့ ..အပြစ်​​ပေးချင်​ တခြားနည်းနဲ့ ​ပေးပါ.. ​ကြေ​ကြေနပ်​နပ်​ ကြီး ခံယူပါ့မယ်​..Omma!! ​ပြောဦး..'

'​အော်​...​နေစမ်းပါဦး.. ငါ​ပြောတာ ဆုံး​အောင်​နား​ထောင်​.. နင့်​ဘယ်​သူက ​ပေးစားမယ်​​ပြောလို့လဲ '

528 & 1500(Hiatus)Where stories live. Discover now