အပိုင်း ၈

2.1K 95 0
                                    

လီလီတို့နဲ့ ကိုချေတို့ အဖွဲ့ က တော်တော်လေး နီးပါး ရင်းနှီးလာတယ် ဒါပေမယ့် ရေခဲတုံးကြီးကတော့ တခါတလေမှ ပြုံးရီတယ်
ဘာလိုလိုနဲ့ စာမေးပွဲဖြေရတော့မယ် လီလီ တစ်ယောက် စိတ်ရှုတ်နေတယ်
At canteen

"ဟာ... စာမေးပွဲက ဖြေတော့မို့ ၅ရက်ပဲ လိုတော့တယ် ဘာစာမှ မရသေးဘူး ဟုတ်လား လီလီ"
ရွှန်း ၁ယောက် မေးလိုက်တယ်

"အင်း... ပျင်းလို့ စိတ်ချပါ ငါ ကျက်ရင် ခဏလေးပဲ..."
"ဂတိတည်နော် လီလီ ငါတို့ ၃ယောက် တူတူ ဂုဏ်ထူးတန်း တက်မှာနော်...... မဟုတ်လို့က...."
"စိတ်ချ...ပါ ရွှန်းရဲ့ ရှုံ့တွမနေနဲ့.... ဟုတ်ပြီလား....."
"အင်း.....ပါ..."
"လီလီမ... " မေချိုက ရုတ်တရက် ပြောလိုက်တယ်....
"အင်း... ဘာလို့လဲ...."
"နင်သိပြီးပြီလား....."
"ဘာကိုလဲ....."

မေချိုမ ပြောမှာ ဘာအကြောင်းမှန်း မသိပေမယ့် ရင်တုန်နေမိတယ် ရင်ဘတ်တစ်နေရာက "ဒုတ် ဒုတ် ဒုတ်" ဘာလို့မှန်း မသိ အမည်မသိတဲ့ ခံစားချက်မျိုးကြီး ထူးဆန်းမှုကြီး....

"ကိုသျှင်မင်းသစ် က ရည်းစားရှိနေပြီ ဆိုပြီး gp ထဲမှာ ပလူပြန်လို့ သူ ဖုန်းကြည့်ပြီး ရီနေတဲ့ပုံတွေ တက်နေတယ်ဟ ပြီးတော့ ရေးထားတဲ့ စာတွေ ငါဖတ်ပြမယ်
အမြဲ အပြုံး အရယ် မရှိတဲ့ သူက ရယ်တယ်တဲ့လား မဟုတ်မှ......"

"ကိုချေ ဘာ့သာ ရှိရှိ မရှိရှိ ငါတို့နဲ့ မဆိုင်ဘူး ငါ စာလုပ်ဖို့ စာကြည့်တိုက်သွားတော့မယ် bye. ..."

စာကြည့်တိုက်ကို လေးလံ ထိုင်းမှိုင်းစွာ လျှောက်လာခဲ့တယ် စာလုပ်နေသော်လည်း စာထဲ စိတ်မရောက် စဥ်းစားနေတယ်

"ငါ စာလုပ်ရမယ်... စာလုပ်ရမယ်..."ဆိုပြီး စိတ်နှစ်ပြီး စာလုပ်လိုက်တယ်....

ဒီလို နဲ့ စာမေးပွဲ ဖြေပြီးသွားတော့

မေချိုက
"လာ ငါတို့တွေ စာမေးပွဲဲပြီးပြီ..."
"အင်း...."
"နင် ဘာဖြစ်နေတာလဲ လီလီ..."
"မဟုတ်ပါဘူး စာမေးပွဲ ပြီးပြီ ဆိုတော့ ကျောင်းကို နှုတ်ဆက်ရမှာမို့...."
"နင်ကလည်း မသိရင် ပြန်မလာရမှာ ကြနေတာပဲ...."
"ငါ ကျောင်းပိတ်တဲ့၃လ လုံး တောင်ကြီး ကို သွားရမှာ....."
"ဘာ..." ရွှန်း နဲ့ မေချို ရဲ့ အသံက canteenတစ်ခုလုံးကို စိုးမိုးသွားတယ်.....

အချေတော်ကိုကိုWhere stories live. Discover now