အကိုရယ် လီလီ ပင်ပန်းလှပီ...
အကို့ကို စောင့်ရတာ...
ကြာရင် လည်ပင်း ရှည်ထွက်တော့မယ် အကိုရယ်...
အကို့ကို တခါတလေ စိတ်ပူမိတယ် အကို တခြား ကောင်မလေးတွေနဲ့ ရှုပ်နေသလား....ဆိုပီးတော့ပေါ့....
အကိုကလေ အလုပ်လောက် လီလီကို မချစ်ဘူးထင်တယ်...
အကို့ ဖုန်းကိုလဲ မျှော်နေရတယ်...
'' ကိုချေ''ဆိုတဲ့ နာမည်လေး ဝင်လာမလား ဆိုပီးတော့ပေါ့....
အကိုရော အဆင်ပြေရဲ့လား....
အကို့ဆီ ဖုန်းဆက်ချင်ပေမယ့် မရဲဖစ်နေတယ် အကိုရယ်...
အကိုကလေ အခုမှ စဥ်းစားမိတယ်...
တကယ့် တကယ့် အချေတော်ကြီးးးး
အဲ့လောက် အလုပ်တွေကို ချစ်နေရင်...
အဲ့အလုပ်တွေနဲ့ပဲ ချစ်လိုက်...ယူလိုက်တော့....ကျပြပြီ ဒီမျက်ရည်တွေ...
ဒါအကို့ကို သတိရလို့ ကျတဲ့ မျက်ရည်တွေ...
ဒီမျက်ရည်တွေကို ရောင်းစားရင် ပိုက်ဆံ အများကြီး ရနေလောက်ပီ..........................
အသက်ရေ...အကို ပြန်လာတော့မယ် သိလား....
စောင့်နေနော် အသက်နောက်ကို stalk လိုက်ဖို့ လူလွှတ်ချင်ပေမယ့်....
အသက် မကြိုက်မှာ ကြောက်လို့....
ကိုယ်သိတယ်လေ...အသက် ဘယ်လောက် လျင်လဲ ဆိုတာ....သိပ်ချစ်တယ် ကိုယ့်ရဲ့ အသက်လေး..
....................
After 3 years later
လေဆိပ် တစ်နေရာ....
"အသက်ရေ..ကိုယ်ပြန်လာပြီ..."
"ဟေ့ရောင် သျှင်..''
'' အေး...ငါဒီမှာ...''
"မင်းကလဲ.... အခုမှ ပြန်လာတယ်နော်...အခုဘယ်သွားမှာလဲ အိမ်ကိုလား....''
"မဟုတ်ဘူး....အသက်ဆီ အရင်သွားမယ်.... ''
"အေးပါကွာ...မင်းရဲ့ အသက်လေးဆီ လိုက်ပို့ပေးမယ်...လာ...''ပြောတဲ့သူက တခြားသူ မဟုတ်...
ဘုန်းစစ်ပိုင်....ခဏအကြာ....
"ဒီဆိုင်ပဲ မင်းအသက်ရဲ့ ဆိုင်...''
ကျွန်တော် ခဏတာ ပြုံးကြည့်မိလိုက်တယ်...
အသက်က အရင်လို ကလေးဆန်ဆန် ကောင်မလေး မဟုတ်ဘဲ လူကြီးကလေးလေး ဖစ်နေပီလို့...
အသက်ရယ် ကိုယ်အခုတော့ လာမတွေ့သေးပါဘူး...အသက်ရယ်....
အသက်က ကိုယ်ပေးခဲ့တဲ့ ဆွဲကြိုး လေးကို ဆွဲထားတော့ ကိုယ် ကြည်နူးမိတယ် အသက်ရယ်....
YOU ARE READING
အချေတော်ကိုကို
Romanceသျှင်မင်းသစ် ငါ့နှလုံးသား ကို အရည်ပျော်အောင် လုပ်သွားတဲ့ အတွက် မင်းမှာ တာဝန်ရှိတယ် လီလီပန်း Seme type ကြီးမို့ ခင်မိတာ အခုတော့.. Zawgyi သျှင်မင်းသစ် ငါ့နှလုံးသား ကို အရည်ပျော်အောင် လုပ်သွားတဲ့ အတွက် မင်းမှာ တာဝန်ရှိတယ် လီလီပန်း Seme type ကြီးမို့...