အပိုင်း ၉

2K 102 0
                                    

အဖွား အိမ်ရောက်တော့ မပြောင်းလဲဘဲ အရင်တုန်းကလိုဘဲ ခြံဝင်းထဲမှာ ဒန်းလေးတစ်ခု မြက်ပင်လေးတွေနဲ့ စိမ်းစိုစို လေး ပန်းပင်လေးတွေနဲ့ ချစ်စရာကောင်းတဲ့ အိမ်လေး....

"လီလီလေး... လာဝင်လေ..."
"ဟုတ်... ဖွားဖွား ..."

အိမ်ထဲ ဝင်တော့ ခုံပေါ်မှာ မိန့်မိန့်ကြီး ထိုင်နေတဲ့ ဦးငယ်....
ဦးငယ်က အမေ့ရဲ့ မောင်အငယ်ဆုံး အခုမှ ဦးငယ်က အသက် 27နှစ် တောင်ကြီးမှာ စိုက်ပျိုးရေးနဲ့ အလုပ်လုပ်နေတဲ့ ဦးမိုးသားခ အရပ်ရှည်ရှည် အသားအရေက ညိုညိုလေး နှာတံစင်းစင်းလေးနဲ့ စမတ်ကျတဲ့ ဦးငယ်
လီလီကတော့ ဦးငယ်နဲ့ လုံးဝလုံးဝ key မကိုက် တည့်လည်း မတည့်ဘူး....

"ဟဲ့ သားငယ် လာလေ မင်းတူမ အထုပ်တွေ လာသယ်ဦးလေ..."
"သူ့ဘာသာသူ သယ်ပလေ့စေ..."
"သားငယ်...."
"ဖွားဖွား ထားလိုက် အိုကြီးအိုမတွေက အဲ့လိုပဲ လီလီ ဘာသာသယ်မယ်....."
"ကျေးဇူး..."

လီလီလည်း အထုပ်ဆွဲပီး အပေါ်တက်မို့ကို
🎶ဘိုဂိုရှိဘ်သာ
အိယိုဂယ် မာနာနီဂါ ဒေါ ဘိုဂိုရှိဘ်သာ🎶

ဖုန်းဝင်လာတယ်....
ရွှန်းဆီက...

"ဟယ်လို...."
ဖုန်းကိုင်လိုက်ပြီး အထုပ်ကိုချ ဖုန်းကိုင်ပြီး အိမ်ပြင်ဘက်သို့...

"အင်း... ရွှန်း..."
"နင် ရောက်ပြီလား..."
"အင်း...အခုပဲ ရောက်တာ... ငါပြီးရင် ဖုန်းပြန်ဆက်မယ်လေ ငါ ကားစီးလာရတော့...."
"အော်.. သိပြီ.. သိပြီး ငါတို့ပြီးမှ ပြန်ခေါ်လိုက်မယ်...."
"ရွှန်း..ငါတို့ ဟုတ်လား..."
"အင်း...ငါတို့...."
"ငါတို့ ဆိုတာ....."
"ကိုဘုန်းစစ်တို့ နဲ့ အတူ...."
"အော်..ဟုတ်လား..."

"လီလီရေ...မြန်မြန်လာ လေစိမ်းတိုက်မယ် မပြင်မှာ မနေဲ့..."
"ဟုတ်... "

"ရွှန်း ငါပြီးမှ ပြန်ဆက်မယ် သိလား..."
"အင်း...bye. .."

"ဦးငယ်...."
"ဘာလဲ...."
"ဖွားဖွားကော.."
"အပြင် ခဏသွားတယ် နင်စားဖို့ အသီး သွားဝယ်တယ်...."
"အော်...ဟုတ်လား...ဦးငယ် မငြီးငွေ့ဖူးလား..."
ဆိုရင်း ထိုင်ခုံမှာ ထိုင်လိုက်တယ်.....
"ဘာကိုလဲ...."
"တစ်ယောက်ထဲ နေရတာ ပျင်းဖို့ ကောင်းမှာ ပဲနော်...."
"မပျင်းဘူး.... ဒီနေ့က နင်လာမှာမို့ စိုက်ခင်းထဲ မသွားတာ...."
"အော် ဦးငယ်ရယ်....အသက်က​ဖြင့်နေဖျင်ထိုးနေပြီး...အခုထိ... ယောက်ျား မရသေးတာ တော်တော် ဆိုးတာပဲ...ကျွတ် ကျွတ် ကျွတ်..."
"ဘာ.... ဘာစကားလဲ... နားမလည်ဘူး..."
"နားမလည်လဲထားတော့... သွားနားတော့မယ်... "
လီလီ စိတ်ထဲ ကျိတ််ရီပြီး အပေါ်ကို တက်ခဲ့တယ်

အချေတော်ကိုကိုWhere stories live. Discover now