ဂျောင်ဂုတစ်ယောက်ထိုင်နေရင်းပင် သက်ပြင်းအကြိမ်ကြိမ်ချနေမိသည် 5ရက် 5ရက်ရှိပြီသူ့ကိုတစ်စုံတစ်ယောက်အမြဲစိုက်ကြည့်နေတာ သတိထားမိသော်လည်း မျက်လုံးနှစ်ဖက်လုံးမမြင်နိုင်တဲ့သူကဘာလုပ်နိုင်မှာမလို့လဲ။
ဒီနေ့လဲစိုက်ကြည့်နေတဲ့အငွေ့အသက်တွေရနေပြန်ပြီ။သတ်ချင်ရင်လဲလာသတ်ပါတော့အသေခံပါ့မယ် ဒီလောကကြီးကိုစိတ်ကုန်နေပြီမလို့။
..........................................................ကျွန်တော့်နာမည်ကင်ထယ်ယောင်း တက္ကသိုလ်ကျောင်းသားတစ်ယောက်ပါ
ကျောင်းတော်ကြီးရဲ့အရှေ့မှာရှိတဲ့စာကြည့်တိုက်လေးမှာအမြဲဝင်ထိုင်တတ်သူတစ်ယောက်ဒါပေမယ့် စာဖတ်ဖို့မဟုတ် ဦးလေးကြီးတစ်ယောက်ကိုလာချောင်းခြင်းပင် အဲ့ဒီ့ဦးလေးကြီးနဲ့ထယ်ေယာင်းကမသိပေမယ့် စာကြည့်တိုက်မှာတွေ့နေကျဖြစ်လို့ထယ်ေယာင်းစိတ်ဝင်စားနေခြင်းပင်။
လာချောင်းရခြင်းအကြောင်းကတော့ကျောင်းသူ/ကျောင်းသားတွေအမြဲပြောနေတဲ့မျက်နှာသေနဲ့လူကြီးဆိုပြီးနာမည်ကြီးနေတာကို။
ဦးလေးကြီးကိုလာချောင်းတာငါးရက်လောက်ရှိပေမယ့် ဦးလေးကြီးကသူ့ကိုသံသယစိတ်တောင်မဝင်ဘူးလားမသိ အမြဲတမ်းပြတင်းပေါက်ကိုသာငေးမြဲငေးနေဆဲပေ။
ဒီနေ့တော့ရအောင်မိတ်ဆက်ဖို့အတွက်ထယ်ထယ်ယောင်းလေးပြင်ဆင်ထားသည် အမှန်တိုင်းပြောရရင်လူများေတွဆယ်ကျော်သက်ရင်ခုန်သံတွေဖန်တီးနေတုန်းမှာ ထယ်ယောင်းလေးကတော့စာကိုသာကြိုးစားခဲ့တာကြောင့်အချစ်ဟူသောအရာကိုမသိခဲ့ပေ။အခုတော့ဒုက္ခလှလှတွေ့နေပြီ။ဦးလေးကြီးကိုတွေ့ရင် ရင်ခုန်ပေမယ့် ချစ်တာလားမချစ်တာလားကိုတော့ထယ်ယောင်းလေး ကွဲကွဲပြားပြားမသိပါ....?
...…...........................................................ခြေသံကိုကြားနေရတယ်နီးကပ်လာတဲ့ခြေသံနဲ့အမျှဂျောင်ဂုကြောက်မိနေတယ်......သူနဲ့ရန်ငြိုးရှိတဲ့သူထဲကတစ်ယောက်ယောက်ဘဲလား........ဝဋ်ကြွေးရှိရင်ကျေပါစေတော့.........အဲ့ဒီ့ရန်ငြိုးတွေကြောင့်မျက်လုံးတစ်စုံအမှောင်ဖုံးလွှမ်းခဲ့ဖူးပြီ......
YOU ARE READING
𝐔𝐧𝐜𝐥𝐞 𝐉𝐞𝐨𝐧♡︎(Completed)
Fanfictionကိုယ့်ရဲ့မျှော်လင့်ချက်မဲ့နေတဲ့ဘဝထဲကို အလင်းရောင်တွေယူဆောင်လာပေးတဲ့ပိုးစုန်းကြူးငယ်လေး "ယောင်း" ဦးနဲ့သာဆိုကမ္ဘာမြေအဆုံးထိလဲသွားနိုင်တာမလို့ ဦးကသာယောင်းကိုထားမသွားဖို့ကတိပေးပါ.."ဦးဂျွန်"