ရက်တွေလတွေကြာလာတာနဲ့အမျှ ပိုပြီးခင်တွယ်လာခဲ့တဲ့ဦးလေးကြီးနဲ့ထယ့်ရဲ့သံယောဇဉ်တွေ ဦးလေးကြီးကတော့မသိပေမယ့်ထယ်ကတော့မိတ်ဆွေအနေထက်ပိုမိနေပြီ...
"ချာတိတ်..ချာတိတ်"
"ဗျာ.."
"ကိုယ်ခေါ်နေတာကြာပြီ မင်းအိပ်များပျော်နေတာလားလို့"
"မဟုတ်ပါဘူးဗျာ အတွေးလွန်သွားလို့ပါ ဟီး"
"အတွေးထဲမှာ ဘယ်သူလဲပါလဲ ကိုယ်ရောပါရဲ့လား"
"မပါဘူးဗျာ"
"ချာတိတ်!!"
"ဦးလေးကြီးစိတ်ဆိုးသွားတာလား"
"စိတ်ဆိုးလားဆိုတော့ အစကတော့စိတ်ထဲနည်းနည်းမကောင်းဖြစ်သွားပေမယ့်နောက်မှပြန်စဉ်းစားကြည့်တော့ ချာတိတ်မှာကိုယ့်ထက်ချစ်ရမယ့်သူရှိနေသေးတာဘဲ"
"အမ်..?"
"ဟုတ်တယ်လေ ချာတိတ်ဘဲကြိတ်ကြွေနေတဲ့ကောင်လေးရှိတယ်ဆို"
ဝေးလိုက်တာလွန်ပါဘိ ဦးလေးကြီးရယ်
"ထားပါတော့ :'( "
"ဒါနဲ့ချာတိတ် ကိုယ်ပြောစရာရှိတယ်"
"အွန်းပြောလေ"
"ကိုယ် မျက်လုံးတွေပြန်မြင်ရတော့မယ်ထင်တယ်"
"တကယ်..ဦးလေးကြီး ထယ်ပျော်လိုက်တာဗျာ"
"ကိုယ်ကပိုပျော်တာေပါ့ အခုတော့စမ်းသပ်နေတုန်းဆိုပေမယ့် ဆရာဝန်ကတော့ခွဲစိတ်ရင်ပြန်မြင်နိုင်တယ်လို့တော့ပြောတာဘဲ"
"ဦးလေးကြီး မျက်လုံးပြန်မြင်ခဲ့ရင် ထယ်နဲ့အတူစာတွေတူတူဖတ်မယ်နော် နေရာတွေအများကြီးကိုလဲလျှောက်သွားမယ် နော် ဦးလေးကြီး နော်"
ဂျောင်ဂုလက်မောင်းကိုကိုင်ကာလှုပ်ရမ်းပြီးချွဲ၍ပြောနေတဲ့ထယ်လေး ဂျောင်ဂုမမြင်ရပေမယ့်ချွဲသံလေးကအစချစ်ဖို့ကောင်းနေတာမလို့ ကင်ထယ်ယောင်းဟာ အတော်ချစ်ဖို့ကောင်းမည်ဖြစ်ကြောင်း တွေးမိလိုက်တော့ရင်ထဲကိုတလှပ်လှပ်နဲ့ပင်...
"ကိုယ်သာမျက်လုံးပြန်မြင်ရရင် ချာတိတ်ဖြစ်ချင်တာတွေအကုန်လုပ်ပေးမှာမလို့ ကိုယ့်ကိုယ်သာဆုတောင်းပေး"
YOU ARE READING
𝐔𝐧𝐜𝐥𝐞 𝐉𝐞𝐨𝐧♡︎(Completed)
Fanfictionကိုယ့်ရဲ့မျှော်လင့်ချက်မဲ့နေတဲ့ဘဝထဲကို အလင်းရောင်တွေယူဆောင်လာပေးတဲ့ပိုးစုန်းကြူးငယ်လေး "ယောင်း" ဦးနဲ့သာဆိုကမ္ဘာမြေအဆုံးထိလဲသွားနိုင်တာမလို့ ဦးကသာယောင်းကိုထားမသွားဖို့ကတိပေးပါ.."ဦးဂျွန်"