Unicode
အချိန်တွေလဲကြာမြင့်ခဲ့ပြီဖြစ်သလို ထယ်ယောင်းနဲ့ဦးဂျွန်ရဲ့အချစ်တွေကလဲပိုမိုခိုင်မြဲလာခဲ့ပြီ~
ယောင်းကတော့ ကျောင်းတစ်နှစ်ပြန်တက်ခဲ့ရသည် ကျောင်းပြီးတော့ ဒယ်ဂူမှာရှိတဲ့ယောင်းရဲ့မိဘတွေဆီကိုဦးဂျွန်ကလာပြီးတောင်းရမ်းခဲ့သည် အစပိုင်းတော့အသက်ရွယ်ကွာတာကြောင့်ရယ် ယောကျာ်းချင်းဖြစ်တာရယ်ကြောင့် မိဘများကသိပ်သဘောမကျပေ အိမ်ထောင်ကလဲကွဲထားသေးတယ်မလား
သို့ပေမယ့်လဲ သားသမီးရတနာထယ်ယောင်းလေးတစ်ယောက်ထဲသာရှိသည်မို့ စိတ်ချမ်းသာစေဖို့အတွက်လိုက်လျောခဲ့ကြသည်
အခုဆိုရင်ယောင်းကဘွဲ့ယူပြီးပြီဖြစ်တာမလို့ ကုမ္ပဏီတစ်ခုတွင်အလုပ်ဝင်လုပ်နေရသည် ကုမ္ပဏီပိုင်ရှင်ကလဲအခြားသူမဟုတ် နမ်ဂျွန်းဟျောင်းပင်ဖြစ်သည်...ဦးဂျွန်ရဲ့သူငယ်ချင်းပေါ့
အဲ့လူကြီးလေလူကိုစိတ်မချဘူးလေးဘာလေးနဲ့သူ့ကုမ္ပဏီမှာဘဲအလုပ်လုပ်ခိုင်းနေတာ ထယ်ယောင်းလေးကလဲအဲ့လိုမျိုးကိုသဘောမကျ ကိုယ်တိုင်ပိုက်ဆံရှာချင်လို့အလုပ်လုပ်ပါတယ်ဆို ဘယ်နှယ့် ကိုယ်လင်/ယောကျာ်းဆီကပိုက်ဆံပြန်ယူရမယ်တဲ့
ခေါင်းအရမ်းမာတဲ့ယောင်းကြောင့်ဦးဂျွန်လဲလက်လျှော့လိုက်ပြီး နောက်ဆုံးတော့ ဦးသူငယ်ချင်းကုမ္ပဏီမှာဘဲအလုပ်လုပ်ခိုင်းတော့သည်
ဟော သူ့အကြောင်းစဉ်းစားရင်းနဲ့လာနေပါပြီလက်ထဲမှာလဲထမင်းဘူးတွေလဲ သွားတွေကလဲဖြီးထားတာများ နွားပွဲစားကျလို့
ပြီးတော့ဝန်ထမ်းကောင်မလေးတွေကလဲငေးတာများ အမြင်ကိုကပ်တယ် ဟွန့်...
"ယောင်း ဘာတွေအလိုမကျဖြစ်နေတာလဲ"
"ဘယ်မှာဖြစ်လို့လဲ "
"လေသံကြီးကိုကတစ်မျိုးကြီးဘဲ ပြောပါယောင်းငယ်ဘာဖြစ်နေတာလဲ"
"ဘာမှမဖြစ်ပါဘူးဆို ထမင်းတူတူလာစားတာမလား ဖွင့်လေထမင်းဘူး"
"ဟုတ် ဟုတ်"
အမိန့်ပေးလေသံနဲ့ပြောလိုက်တော့ အံ့ဩသွားတဲ့ဝန်ထမ်းမလေးတွေ မှတ်ထားအဲ့တာငါ့အပိုင်ဟဲ့ ဆိုတဲ့အကြည့်နဲ့ဂုဏ်ဆာနေသောထယ်ယောင်းရယ်ပါ
YOU ARE READING
𝐔𝐧𝐜𝐥𝐞 𝐉𝐞𝐨𝐧♡︎(Completed)
Fanfictionကိုယ့်ရဲ့မျှော်လင့်ချက်မဲ့နေတဲ့ဘဝထဲကို အလင်းရောင်တွေယူဆောင်လာပေးတဲ့ပိုးစုန်းကြူးငယ်လေး "ယောင်း" ဦးနဲ့သာဆိုကမ္ဘာမြေအဆုံးထိလဲသွားနိုင်တာမလို့ ဦးကသာယောင်းကိုထားမသွားဖို့ကတိပေးပါ.."ဦးဂျွန်"