ဦး♡︎<4>

2.5K 285 49
                                    

Unicode

"စစ်ဆေးစရာတွေအကုန်စစ်ဆေးပြီးပြီမလို့ ဒီကလူနာသာဆန္ဒရှိရင် ရက်ရွေးပြီးခွဲစိတ်လို့ရပါပြီ"

ဆရာဝန်စကားအဆုံးပျော်၍ကျသွားသောမျက်ရည် အချို့ မျက်လုံးတွေပြန်မြင်ရမယ်ဆိုတဲ့အသိက ဘာနဲ့မှနှိုင်းလို့မရတဲ့အပြင်....

အတွေးတို့နဲ့အတူသတိရသွားတာကထယ်ယောင်းငယ်...

ယောင်း....ယောင်းဆိုရင်လဲသူ့အတွက်သိပ်ဝမ်းသာနေမှာ ဆရာဝန်ကိုကျေးဇူးအထပ်ထပ်တင်လျက် ဆေးရုံမှထွက်လာပြီး ဒရိုင်ဘာကိုနှလုံးအိမ်လေးရှိရာ စာကြည့်တိုက်ဆီသို့ မောင်းခိုင်းစေတယ်

စာကြည့်တိုက်ထဲအရောက်ယောင်း အသံကိုမကြားရသေး အင်းမ်......ကြည့်ရတာကျောင်းမဆင်းသေးတာဖြစ်မယ်...ဒရိုင်ဘာကို စာကြည့်တိုက်ပိတ်ချိန်မှလာကြိုခိုင်းလိုက်ပြီး ချာတိတ်ကိုထိုင်စောင့်နေလိုက်သည်...မိနစ်နှစ်ဆယ်လောက်ကြာတော့ "ဦးလေးကြီး"ဆိုတဲ့အသံစာစာလေးကိုကြားလိုက်ရသည် ယောင်း ရောက်လာပြီဘဲ

"ယောင်း...ရောက်လာပြီလားကိုယ်ပြောစရာရှိ-"

"ဦးလေးကြီးကိုထယ်မိတ်ဆက်ပေးရဦးမယ် ဒါထယ့်သူငယ်ချင်း ပတ်ဂျီမင်းတဲ့"

စကားမဆုံးသေးဘူး ဖြတ်ပြောလာတဲ့ယောင်းရဲ့စကားကြောင့်လူတစ်ချက်တော့စိတ်မကောင်းဖြစ်သွားပေမယ့် ယောင်းစိတ်ချမ်းသာဖို့အရေးမလို့ ပြန်၍ပြုံးကာ စကားဆက်ပြောလိုက်သည်..။

"ယောင်းရဲ့ သူငယ်ချင်းဆိုတော့တွေ့ရတာဝမ်းသာပါတယ်‌ဗျ"

"ဟုတ်ကဲ့ ဒီကဦးလေးကြီးကဂျွန်ဂျောင်ဂုနော် ထယ်လေးရဲ့ဘဝကိုဦး‌ေလးကြီးဆီမှာအပ်ပါတယ်"

"ဗျာ"

"ဟျောင့်...ဂျီမင်း"

"ဘာလဲငါပြောတာမဟုတ်လို့လား"

"ဟာ...တော်ပြီမင်းပြန်တော့ သွား"

"အမလေးပြန်မှာပါ ဦးရဲ့ခလေးရယ်"

"ဘောဘဲ ဟျောင့် ဒိုးတော့"

ဂျီမင်းပြန်သွားတဲ့အထိပွစိ"လုပ်နေသေးတဲ့ထယ်ယောင်း

"ယောင်း"

"ဗျာ"

"ယောင်း ကြိုက်နေတဲ့ကောင်လေးဆိုတာ ခုနပတ်ဂျီမင်းလား?"

𝐔𝐧𝐜𝐥𝐞 𝐉𝐞𝐨𝐧♡︎(Completed)Where stories live. Discover now