Extra 2[End]

1.7K 114 21
                                    

"ဦးရေ ထတော့လို့!!"

"ဟာ..ထပါဆိုကွာ အိပ်ချင်ယောင်ဆောင်နေတာသိတယ်နော်"

"ထပါတော့ဆို မွေးနေ့ပွဲလုပ်ရမယ့်ဟာကို နောက်ကျနေပါပြီ!"

"ဦးဂျွန်!!!"

အသံဆာဆာလေးဖြင့်နှိုးနေသော ကလေးရဲ့အသံကိုလျစ်လျူရှုပြီး ဆက်၍သာအိပ်နေလိုက်သည်

ဘာတဲ့မွေးနေ့တဲ့ မနေ့တစ်နေ့ကမှပေါ်လာတဲ့ ချီးထုပ်တစ်ကောင်အတွက်မွေးနေ့လုပ်ပေးရတာနဲ့ဘာနဲ့

ချီးထုပ်ကောင်က ဘယ်သူလဲသိချင်ကြလား

ကျနော်ပြောပြမယ်..

ချီးထုပ်ဆိုတာ လွန်ခဲ့တဲ့2ပတ်ကမှ ကလေး‌ဝယ်လာခဲ့တဲ့ ခွေးဂေဟာက Yeontan ဆိုတဲ့ခွေးကိုပြောတာပါဗျာ..

အဲ့ကောင်ရောက်လာတာမှတစ်ပတ်ရှိသေးတယ် ကလေးကကျွန်တော့်ကိုလျစ်လျူရှုနေလိုက်တာများ ကျွန်တော် အိမ်နေရင်းဝတ်တဲ့Hoddieကိုလဲ အဲ့ကောင်ခြုံဖို့စောင်ဆိုပြီးပေးတယ်..ပြီးရင်အဲ့ကောင်အတွက်ကျတော့အစာကျွေးဖို့မမေ့ဘဲ ကျနော့်ကိုကျတော့ကုမ္ပဏီကိုနေ့လည်စာပို့ဖို့မေ့တယ်

2ပတ်ထဲနဲ့ယောင်းငယ်ကိုသိမ်းပိုက်သွားတဲ့အဲ့ကောင်ကိုကျနော်အမြင်ကပ်တာစမ်းသလား

"ဦးဂျွန်မထရင်ယောင်းဘာသာဘဲသွားတော့မှာနော်"

"ထပြီဟေးးထပြီထပြီ တကယ်ပါဘဲ"

"တကယ်တွေနှစ်ကယ်တွေလုပ်မနေနဲ့သွားမျက်နှာသွားသစ် ရေချိုးချည်"

ဘာစကားတစ်ခွန်းမှမဟဘဲမျက်နှာကြီးဆူပုတ်ကာပင်ဂျွန်တစ်ယောက်ရေချိုးခန်းထဲဝင်လာလိုက်သည်..ယောင်းကကျနော့်ကိုMorning Kiss ပေးဖို့တောင်မေ့နေတာဘဲတစ်ကယ်ကိုစိတ်ဆိုးပစ်ချင်စရာ..

ဆူပုတ်ကာရေချိုးသွားသောဦးဂျွန်ကိုကြည့်ပြီးထယ်ယောင်းမှာပြုံးစိစိ အားးဒီလူကြီးYeontanနဲ့တောင်သဝန်တိုနေတာ ချစ်တတ်တာတအားဘဲ..

အမှန်တော့YeonTanမွေးနေ့ဆိုတာထက်လူကြီးနဲ့Dateချင်လို့အကြောင်းဖန်လိုက်ခြင်းပင် ရိုးရိုးခေါ်ရင်ဒီလူကြီးကဟိုအလုပ်ရှိရတာနဲ့ဒီအလုပ်ရှိရတာနဲ့ မသွားဖြစ်တာမို့

𝐔𝐧𝐜𝐥𝐞 𝐉𝐞𝐨𝐧♡︎(Completed)Where stories live. Discover now