အပိုင်း ၁၃

5.1K 368 60
                                    

Unicode
 
 

“ဟူးး”

ဟူးခနဲမှုတ်ထုတ်လိုက်သည့် ဆေးလိပ်ငွေ့တို့ဟာ လေထဲတလုံးတရင်း လှိုက်တက်သွားပြီး ကွယ်ပျောက်သွားသည်။

“ဆေးလိပ်တွေ သောက်နေပြန်ပြီ”

နှုတ်ခမ်းတွေကြားထဲဖိထားသည့်ဆေးလိပ်လေးကို ဆတ်ခနဲလာဆွဲယူကာ ခွန်းက ပြတင်းပေါက်ဘေးရှိ စားပွဲပေါ်မှပြာကွက်ထဲကို ထိုးခြေမီးသတ်ပစ်လိုက်သည်။

“ပျင်းလို့ပါဆို”

“ပျင်းတိုင်းသောက်ရလား။ နောက်ပြီးတော့ အခုလိုထိုင်လို့ ပြုတ်ကျသွားရင် ဘယ်လိုလုပ်မလဲ”

ပြတင်းပေါက်ဘောင်ပေါ် ထိုင်ရင်း အပြင်ဖက်ကို ကျောပေးထားသည့် သူ့ခါးသိမ်သိမ်ကို ထိန်းကိုင်လာသည်နဲ့အပြိုင် ပါးပြင်ပေါ် အနမ်းပွင့်တို့ကြွေကျလာကြသည်။

“အဲ့နှာ‌ခေါင်းက ဘာလာလုပ်တာလဲ”

“လွမ်းလို့တဲ့”

“ဟား”

သိုင်းဖက်ထားတဲ့လူကြီးရဲ့ ပခုံးတွေပေါ်လက်တဖက်တင်ရင်း တဖက်ကပါးစုန့်‌လေးအပေါ်ပွတ်သတ်မိသည်။ ကိုက်ရာလေးက မျှင်းမျှင်းကျန်နေသေးသည်မို့ ဒီလူကြီး တော်တော်နာခဲ့မယ် ထင်ပါရဲ့။

“နာသွားတယ်မလား”

“ဟင့်အင်း”

“ကျစ် ငလိမ်ကြီး အဲ့နေ့က တအားအော်ပြီးတော့”

“အဲ့တာဆို ဘာလို့ကိုက်ခဲ့သေးလဲ။ အခုကျ စိုးရိမ်နေရပြီ  မဟုတ်ဘူးလား”

“ခင်ဗျားက မဟုတ်တာပြောတာကိုး။ ကျွန်တော့်ဘာသာ ငွေရှာနိုင်နေတာကို ပြီးတော့ခင်ဗျားပေါ်လည်း အကြွေးတွေ တင်တာများနေပြီ”

သူ့စကားကိုသက်ပြင်းတစ်ချက်ချကာဖြင့် ခွန်းက

“အဲ့လိုဆို ကိုယ့်အလုပ်တွေကို ကူပေးလေ”

မျက်ဝန်းများအရောင်‌တောက်သွားတာ အားတက်သရော။

“ဘာလဲ ဘိန်းသယ်ပေးရမှာလား”

“မဟုတ်ပါဘူး”

မသက်မသာလေးသာ ခွန်းရယ်ရင်း

Unknowns (Complete)Where stories live. Discover now