အပိုင်း ၃၁

3.9K 256 23
                                    

Unicode
 
 
 

စိုးထိုက်တိုက်သည့်ပန်းသီးဖျော်ရည်သောက်ပြီး အားမာန်အိပ်ပျော်သွားပေမယ့် နိုးလာတော့ လူက အနည်းငယ် ထိုင်းမှိုင်းနေစဲပင်။
ခုတင်ပေါ်မှခြေဆင်းထိုင်ရင်း ‌သန့်စင်ခန်းဝင်မည် ကြံမိတော့ လင်းလာသည့်ဖုန်းကြောင့် ဖုန်းပဲပြေးကိုင်လိုက်တော့သည်။

“မေမေ”

နေ့ဖက်တွေဖုန်း‌ဆက်နေကျမဟုတ်တော့ အနည်းငယ်တော့ စိုးရိမ်မိသွားသည်။

“‌‌ကောင်လေး မင်း‌မေမေက ဖုန်းကိုင်ဖို့ မအားဘူးကွ”

ထိုအသံကြောင့် ရင်ထဲပူပြင်းလောင်မြိုက်လာရသလို အမုန်းတရားတို့က ဝါးမြိုလာသည်မို့ လက်သီးကို ကျစ်ကျစ်ဆုပ်လိုက်မိသည်။

“ကျုပ်အ‌မေ ဘယ်မှာလဲ!!”

“ဟားဟားဟား....တွေ့ရမှာပါ မလောပါနဲ့။ သားလေးကို နှုတ်ဆက်လိုက်ပါဦး”

တဖက်ဖုန်းထဲမှ တိတ်ကွာသံကြားလိုက်ရပြီး မေမေ့အသံ ခပ်အက်အက်က ပေါ်ထွက်လာ၏။

“သားမာန် မလာခဲ့နဲ့!!”

“မေမေ!!”

“‌ငါမခိုင်းတာ မလုပ်နဲ့လေ”

ဖုန်းထဲမှ မေမေ့အသံဟာ မကြားရတော့။

“ခင်ဗျား ကျုပ်အမေကိုထိကြည့်။ အသက်ရှင်ရမယ် မထင်နဲ့!!!”

“ဟားး စောင့်ကြည့်နေပါတယ်ကွာ”

မေမေ့အတွက်စိုးရိမ်ရတာကော ဒေါသဖြစ်ရတာကော ရောပြွန်းလို့ ပူထူတက်လာပြီး ခန္ဓာကိုယ်တို့ပင် တုန်ရီလို့လာသည်။

“ဘယ်ကိုလာရမလဲဆို‌တော့ ××× မင်းသိတယ်မလား။ မင်းဖေ‌ဖေ ခေါင်းချသွားတဲ့နေရာလေ ဟားဟားဟား”

“ခင်ဗျားကို ကျုပ်သတ်မယ်!!!”

“ဟင်း...မြန်မြန်လာခဲ့‌ကွာ.... ငါမင်းကို‌တွေ့ရဖို့ မစောင့်နိုင်တော့ဘူး”

တီခနဲချသွားသည့်ဖုန်းကြောင့် အားမာန်ဒေါသလွှမ်းကာ ဖုန်းကိုပေါက်ကွဲပစ်လိုက်သည်။ ထို့နောက် သေနတ်ဆွဲကာ ကျည်စစ်လိုက်ပြီး အခန်းထဲမှ အမြန်ဆုံး ပြေးထွက်ခဲ့တော့သည်။

Unknowns (Complete)Tahanan ng mga kuwento. Tumuklas ngayon