အပိုင်း ၃၃

4.1K 273 18
                                    

Unicode
 
 
April လရဲ့ နောက်ဆုံးအပတ်မှာ ဒေါ်လဝန်းချို နိုးထလာခဲ့သည်။
နိုးနိုးချင်း အားသစ်ကြောင့်နဲ့စိတ်တင်းထားတဲ့သူမက အားသစ်အနားမှာမရှိတဲ့အချိန်မှ အားမာန်အကြောင်းမေးရင်း ကျိတ်ငိုရှာသည်။
တွေ့အောင်ရှာပေးပါလို့ ရန်ခွင်းကို တောင်းဆိုရင်း ဓားဖြင့်ထိုးခဲ့သည့် ခွန်းကိုလည်းအပြစ်မတင်ခဲ့။

အားသစ်က ဦးနှောက်အကျိတ်ကင်ဆာဖြစ်နေသည့် ဒေါ်လဝန်းချိုကို ပြုစုရင်း အနားတွင်သာရှိချင်သည်ဆို‌သောကြောင့် ရန်ခွင်းတို့ ခွန်းအိမ်တော်ကို ပြန်လာခဲ့ကြသည်။

ဒေါ်လဝန်းချိုကြောင့်လည်း အားသစ်ဟာ အနည်းငယ်တော့ ပြုံးရွှင်သွားခဲ့ပြီ။

***

‌May မှာ စကားဝါပန်းတွေပွင့်သတဲ့။
မွေးရနံ့ထုံသင်းသည့် စကားဝါပန်းတွေနဲ့အပြိုင် ခွန်းအိမ်တော်မှာလည်း အနည်းငယ် ပြန်လည်စိုပြေလာခဲ့ပြီပင်။

“မေမေ ဆေးသောက်ရမယ်”

အားသစ်က ဒေါ်လဝန်းချိုအတွက် ဆေးသောက်ချိန်ကိုတော့ note ထဲသေချာမှတ်ကာ မမေ့မလျော့ တိုက်တက်သည်။

“ဒီ‌နေ့ မောင်ရန်ခွင်း ပြန်လာမယ်မလား”

ဒေါ်လဝန်းချို၏အသံဟာ မျှော်လင့်တကြီးဆန်လှသည်။
သူ့သားငယ်သတင်းကိုမျှော်နေတာဖြစ်သည့်အတွက်လည်း အပြစ်တော့ ဆိုစရာမဟုတ်ပေ။

“အင်း ပြန်လာတော့မှာ။ သား သွားစောင့်နေလိုက်မယ်”

ခေါင်းညိတ်ပြတဲ့ဒေါ်လဝန်းချိုကို အားသစ်ပြုံးပြခဲ့ပြီး ဆေးတွေသိမ်းကာ အခန်းတံခါးစေ့ပေးခဲ့လိုက်သည်။
သာမာန်ချိန်တွေလည်း ရန်ခွင်းပြန်လာမည်ကြားတိုင်း သူမျှော်တက်ပေမယ့် အခုများက အားမာန်သတင်းလေးများ ပါလာနိုးနိုးနှင့် စိတ်လှုပ်ရှားနေမိသည်။

“ကိုကို!”

အိမ်ပေါက်ဝအရောက်မှာ လှေကားထိပ်မှပြေးဆင်းလာသည့် အားသစ်ကြောင့် ရန်ခွင်းအပြုံးနဲ့ကြိုရင်း ပြေးဝင်လာသည့် ကိုယ်သေးသေးလေးကို ဆီးပွေ့လိုက်သည်။

“ဖြည်းဖြည်းလာပါ ညီရဲ့”

ပါးပြင်ထက်အနမ်းခြွေတော့ ရင်ခွင်ထဲမှ မော့ကြည့်နေသည့် အားသစ်က ပြုံးလာသည်။

Unknowns (Complete)Tahanan ng mga kuwento. Tumuklas ngayon