အပိုင်း ၃၅

4.6K 267 23
                                    

Unicode
 
  
  
“‌ကိုယ် မာန်လေးကိုတွေ့ပြီ”

ထိုစကားလေးဟာ နားထဲ ပဲ့တင်ထပ်သွားသလို ကြားရသည်ကို မယုံနိုင်တာကြောင့် အားသစ် လက်တွေပင် တုန်ရီလာသည်။

သားမာန်ကိုတွေ့ပြီတဲ့လား။

“‌သူ ဘယ်မှာလဲ။ ကျွန်တော် တွေ့ချင်တယ်”

အားသစ်စိတ်လောစွာနှင့် ခွန်းအားမေးမိတော့ ခွန်းက ခေါင်းရမ်းသည်။

“‌ကိုယ်သူ့ကိုမြင်လို့ ကြောင်နေမိတာ ကိုယ်ပြန်ရှာတော့ သူမရှိတော့ဘူး။ ဒါပေမယ့် ကိုယ်လူလွှတ်ထားပါပြီ။ ခဏပဲ ကိုယ်တို့သူ့ကိုတွေ့တော့မှာ”

ခွန်းရဲ့စကားကြောင့် အားသစ်စိတ်ထဲ အတွေးတွေက တောင်စဉ်ရေမရဖြစ်ကုန်သည်။

“‌ကိုဥက္ကာကိုတွေ့ရဲ့သားနဲ့ ဘာလို့ သူပြန်လိုက်မလာတာလဲ”

အားသစ်ရဲ့အမေးကိုခွန်းသက်ပြင်းတချက်ရှိုက်ရင်း ပြန်ဖြေ၏။

“‌သူ ကိုယ့်ကိုမသိ‌တော့ဘူး”

“‌ဟင်!”

အားသစ် အံ့အားသင့်စွာ ရေရွတ်မိရသလို အနားတွင်ထိုင်နေသောရန်ခွင်းလည်း ဘာပြန်ပြောရမည်မသိ။

“‌ဟုတ်တယ်။ သူကိုယ့်ကိုမမှတ်မိဘူး။ သူသာ ကိုယ့်ကိုမှတ်မိရင် ပထမဦးဆုံး သူလုပ်မှာက ကိုယ့်လည်ပင်းကို ညှစ်တာပဲဖြစ်ဖြစ်လုပ်လိမ့်မှာ။ အခုလို လက်သီးတချက်တည်းနဲ့ ရပ်သွားမှာ မဟုတ်ဘူး”

ပြောရင်း ခွန်း ခေါင်းကိုငိုက်ချလိုက်မိသည်။ အားလုံးက ‌သူ့ကြောင့်ပါ။ သူသာရွေးချယ်ချက်မှန်ကန်ခဲ့မယ်ဆိုရင် အားမာန်လည်း သူ့ကိုမုန်းစရာကော မေ့စရာကော အကြောင်းမရှိဘူး။

“‌ကျွန်‌တော် အခုလာမယ်”

ရုတ်တရက်ထသွားတဲ့အားသစ်ကြောင့်ရန်ခွင်းကအနောက်မှ လိုက်သွားပြီး ရာရာလေးကတော့ ကြောင်အကာ ကျန်ခဲ့ရသည်။

ညီကိုတွေ့ချင်သည့်စိတ်က တားမနိုင်တာကြောင့်သာ ခွန်း အားသစ်ကို မတားဖြစ်လိုက်တာ။ အားသစ်အနေနဲ့ကလည်း အားမာန်ကို သိပ်တွေ့ချင်နေမည်မဟုတ်လား။

Unknowns (Complete)Where stories live. Discover now