အပိုင်း ၃၂

3.9K 267 39
                                    

Unicode
 
 
“အွန်းးးး”

အချစ်ရဆုံးလူက သူ့ရှေ့တင် သူချစ်တဲ့မေမေကို ဓားနဲ့ ထိုးပစ်လိုက်သည်တဲ့လား။

ဘယ်လောက်တောင် ဆိုးဝါးလွန်းတဲ့ ကံကြမ္မာလဲလေ။

“ဟားဟားဟား”

ဟန်က သဘောတကျရယ်ရင်း အားမာန်ကို လွှတ်ပေးလိုက်တော့ ခွန်းက အပြေးလေး ဆွဲပွေ့သည်။
သို့‌ပေမယ့် အားမာန်က ဆတ်ခနဲရုန်းထွက်ပစ်လိုက်ပြီး ခွန်းအား နာနာကျည်းကျည်းကြည့်လို့။

“ခင်ဗျား ကျုပ်အမေကို သတ်တာ!”

“မာန်‌လေး ကိုယ်..”

‌ဒေါ်လဝန်းချိုဆီကို အပြေးသွားကာ ကြိုးတွေကိုဆွဲဖြုတ်ပြီး အားမာန်က သူ့ရင်ခွင်ထဲပွေ့ထည့်ကာ လှုပ်နိုး၏။

“‌မေမေ ထပါဦး”

“ဟားဟားဟား ကြည့်ကောင်းလိုက်တဲ့ မြင်ကွင်းလေး”

ဟန်က အရူးတစ်ယောက်လိုရယ်ရင်း အားမာန်အား သေနတ်ဖြင့်လှမ်းချိန်သည်။
အန္တရာယ်ကိုမမြင်လောက်အောင် အားမာန်မှာတော့ သူ့အမေအား တရူးတပိုင်းနှင့် လှုပ်နိုးနေ၏။

“ရူးလိုက်တာကွာ”

သူလွှတ်ပေးမည်ဟုထင်မှတ်သွားသောဒေါ်လဝန်းချိုအား ဟန် လှောင်ရယ်မိသည်။

ဘာကြောင့်များ အဲ့လောက်ရူးမိုက်ရသလဲ။

သေချာတာကတော့ အရင်နှစ်တွေမှာ သူ အလွှတ်ပေးခဲ့သလိုမျိုး ဖြစ်လိမ့်မယ်ဟု တထပ်တည်းတွေးသည်ထင်ပါ့။
ရူးချက်။ အခြေအနေတွေကမတူတော့ဘူး။ ခုများတော့ သူ့မှာ ဘာမှဆုံးရှုံးစရာမရှိတော့သလို ပိုင်ဆိုင်မှုတွေအားလုံးကို သူ့ဆီကနေဆွဲထုတ်သွားတဲ့တရားခံက သူ့မျက်စိရှေ့မှာရှိနေတာ အဲ့တာကို သူက ရူးလို့ အလွှတ်ပေးမယ်ထင်နေတာလား။

“ဟား သား‌လေး မင်းလည်း မင်းအ‌မေနောက် လိုက်သွား‌ပါလား”

ဒိုင်း

အသံကြောင့် ခွန်းလှည့်ကြည့်မိတော့ ဟန်၏ ညာလက်‌
မောင်းဟာ သွေး‌တွေစိမ့်ကျလာပြီး လက်ထဲမှသေနတ်ကတော့ ကြမ်းပြင်ပေါ် ပြုတ်ကျလို့သွားသည်။

Unknowns (Complete)Where stories live. Discover now