Part 3 ( Uni + Zawgyi)

2.2K 143 6
                                    


( Unicode )

ရှောင်းကျန့်ကတော့ သူ့အရှေ့ကနေ ကော့ပတ်ကော့ပတ်လျှောက်နေတဲ့ ရိပေါ်ကို ပညာပြရမယ်လို့တွေးပြီး ရိပေါ်ရဲ့လက်ကိုလှမ်းဆွဲတော့မဲ့အချိန် ခေါ်သံတစ်ခုနဲ့ နှာခေါင်းထဲကိုတိုးဝင်လာတဲ့ လာဗင်ဒါပန်းအနံ့...

" မောင်.."

" ယွဲ့အာ !!!"

ရှောင်းကျန့်လည်းအနောက်လှည့်ကြည့်လိုက်တော့ သူမကိုမြင်လိုက်ရတယ်...ဟုတ်တယ် ယွဲ့အာ ဆိုတာ တချိန်က ရှောင်းကျန့်ရဲ့ ရည်းစားဟောင်းတစ်ယောက်...အခုအချိန်မှာ‌ေတာ့ ယွဲ့အာက သူ့ရဲ့ ex ..ဘယ်သူက ထင်ထားမှာလဲ ကိုယ့် ex က ကိုယ့်အဖေရဲ့ company မှာ အလုပ်လုပ်မယ်လို့....

ရှောင်းကျန့်ကတော့ ပြောင်းလဲသွားတဲ့သူ့ရဲ့ ex ကြီးကိုခေါင်းအစခြေအဆုံးသေချာလိုက်ကြည့်မိတယ်..သူမက အရင်ကထက်နည်းနည်းပိန်သွားတယ်..ဒါပေမဲ့အရင်လိုလှနေဆဲပဲ...သူမက ရွှေအိုရောင်ဆံပင်ဂုတ်ထောက်လေးကို အနီရောင်မျှော့ကြိုးလေးနဲ့ စည်းနှောင်ထားသေးတယ်..ရွှေအိုရောင်ဆံပင်နဲ့ ခေါင်းစီးကြိုးအနီရောင်နဲ့က အများအမြင်မှာသိပ်လိုက်ဖက်မှုမရှိပေမဲ့ ရှောင်းကျန့်ရဲ့ မျက်လုံးထဲမှာတော့ အရမ်းလိုက်ဖက်မှုရှိလှတယ် ဘာလို့လဲဆိုတော့ အဲ့ခေါင်းစီးကြိုးက ရှောင်းကျန့်သူမကို လက်ဆောင်ပေးထားတာလေးမို့လို့....

ရိပေါ်ကတော့ ယောင်လည်လည်နဲ့ ဘယ်သွားရမှန်းမသိဖြစ်နေလို့ ရှောင်းကျန့်ကို အတူတူသွားကြမယ်လို့ပြောမလို့အနောက်ကိုလှည့်ကြည့်လိုက်တော့ မြင်လိုက်ရတာ နည်းနည်းတော့ ကသိကအောက်နိုင်လှတယ်။ ဘယ့်နှယ် လူမြင်ကွင်းကြီးမှာနှစ်ယောက်သားအကြည်ဆိုက်နေကြတာဆိုတာ ဟိုဘက်က မိန်းကလေးကလည်း ရှောင်းကျန့်ကို ကြာပေးသလိုလိုအကြည့်မျိုးနဲ့ကြည့်နေတယ် ရှောင်းကျန့်ကိုယ်တိုင်ကလည်း အဲ့ဒီ့မိန်းကလေးကို အသေအချာပြန်စိုက်ကြည့်နေတယ်..မဟုတ်သေးပါဘူး public area ကြီးဆို‌တာရော သူတို့သိသေးရဲ့လား..သူတို့နှစ်ယောက်ကိုလည်း ဝန်ထမ်းတွေက အထူးအဆန်းလိုမျိုးကြည့်နေတာတောင် သူတို့က အကြည်စိုက်တာမပျက်သေးပုံ..

° Do You Still Love ME ? ° ( Complete ) Unicode Only Dove le storie prendono vita. Scoprilo ora