Part 9 ( Uni + Zawgyi )

1.7K 120 4
                                    

( Uni )

" မောင် ယွဲ့အာနဲ့လိုက်လားဟင်..."

" အင်း..ယွဲ့အာက အလှဆုံးပဲ..."

အဖြူရောင် သတို့သမီး ဂါဝန်နဲ့ ယွဲ့အာက တကယ်လှပါသည်။ ဟုတ်ပါတယ် ဘေးကကောင်မလေးပြောသလို ရှောင်းကျန့်က လူရွေးမှန်ပါတယ်..။ဝမ်ရိပေါ်ကတော့ ပါပါးရဲ့ပိုင်ရာဆိုင်ရာ ဒါဆိုမနေ့က သူသတိတစ်ချက်လွတ်သွားတာ..မနေ့ကသူ ဝမ်ရိပေါ်ကိုသနားသွားတာ..။

" မောင် မေးနေတယ်လေ.."

သူ့အတွေးနဲ့သူခွဲခြမ်းစိတ်ဖြာခြင်းလုပ်နေတဲ့ ရှောင်းကျန့်က ယွဲ့အာရဲ့အမေးကိုပြန်မဖြေနိုင်သေး..။

" ဪ အင်း..ပြောလေအချစ်.."

" မပြောတော့ဘူး..မောင်က ယွဲ့အာပြောတာမှမကြားတာ .."

နှုတ်ခမ်းဆူကာ စိတ်ကောက်သွားပြန်တဲ့ ယွဲ့အာကိုကြည့်ပြီး ရှောင်းကျန့်ကကြည့်ပြီး သဘောကျနေမိတယ်..ယွဲ့အာက တကယ့်ချစ်စရာလေး..။ ဟိုး အရင်ကတည်းက ရှောင်းကျန့်ရဲ့နှလုံးသားက လူရွေးမှန်ခဲ့တာဖြစ်ကြောင်းကိုတော့ သိလိုက်ပြီဖြစ်တယ်..။

" မောင်က အချစ်ရဲ့ အလှမှာမေ့မျောသွားလို့ပါကွာ.."

ရှောင်းကျန့်က ခပ်သော့သော့ဆိုရင်း အောက်နှုတ်ခမ်းကိုခပ်ဖွဖွဖိကိုက်ပြီး မျက်လုံးတစ်ဖက်မှိတ်ပြတော့ ယွဲ့အာမျက်နှာက ရှက်ရဲရဲလေးဖြစ်သွားပြီး ဘေးနားကကောင်မလေးတွေကတော့ ရယ်နေကြတယ်..။

~~~~~~~~~~~~~~~~~~~

ရှောင်းကျန့်အိမ်ပြန်ရောက်တော့ အိမ်ကလိုတာထက်ပိုတိတ်ဆိတ်နေတယ်..အပြင်မှာ အလုပ်သမားတွေလဲမရှိဘူး..အပေါက်ဝက ဖိနပ်စင်ကိုကြည့်တော့ ပါပါးဖိနပ်ကိုတွေ့တယ်..ပါပါးပြန်ရောက်ပြီနဲ့တူပါရဲ့လို့တွေးပြီး မင်္ဂလာကိစ္စအတွက် ပါပါးနဲ့စကားနည်းနည်းပြောမယ်လို့တွေးပြီး ပါပါးအခန်းရှေ့ကိုရောက်လာတယ်...။

ပါပါးအခန်းရှေ့ရောက်တော့ တံခါးခေါက်မလို့ပင်ရှိသေး ပါပါးအခန်းထဲက ဝမ်ရိပေါ်ရဲ့အသံခပ်စူးစူးလေးကိုကြားလိုက်ရတယ်..။

" အ့ ..အ .နာတယ်ဦးရဲ့..ဖြေးဖြေး.."

ဝမ်ရိပေါ်ရဲ့ အသံခပ်စူးစူးလေးကြောင့် ရှောင်းကျန့်အခန်းထဲမှာ ဘာဖြစ်နေလဲဆိုတာ သိလိုက်ရပြီ...အတွေးထဲထပ်ဝင်လာခဲ့တာကလည်း ဒါကြောင့်အလုပ်သမား‌တွေမရှိတဲ့အပြင် အိမ်ကလည်းတိတ်ဆိတ်နေခဲ့တာပေါ့..။

° Do You Still Love ME ? ° ( Complete ) Unicode Only Tempat cerita menjadi hidup. Temukan sekarang