Part 6

1.9K 120 9
                                    

( Uni )

Part 6

ဒီနေ့များမှာဆိုရင်ဖြင့် ကုပ်နဲ့ကော်ထုတ်တောင် အိပ်ယာပေါ်ကထမည်ဟုထင်ရက်စရာမရှိသည်မှာ ဝမ်ရိပေါ်ပင်ဖြစ်တယ်။ မိုးရာသီကိုမကြိုက်ပေမဲ့ မိုးရွာတာကိုတော့ကြိုက်တယ်...မိုးလေးဖွဲဖွဲလေးရွာလာရင် စောင်ခြုံပြီး အိပ်ယာလေးထဲ ဝင်ခွေနေလိုက်မယ်..

စားပွဲခုံလေးပေါ် ကော်ဖီပူပူလေးတစ်ခွက်ထားမယ်..လက်ရှည်အင်္ကျီလေးဝတ်ပြီး ကော်ဖီပူပူလေးသောက်ရင်း နားထဲနားကြပ်ထည့်ပြီး အဆွေးသီချင်းတစ်ပုဒ်ဖွင့်ပြီး အပြင်က လေနှင်ရာယိမ်းနွဲ့ပြီး စိုစွတ်နေတဲ့အစိမ်းရောင်သစ်ပင်လေးတွေကိုကြည့်မယ်...။

အတွေးနဲ့တင် တကယ့်သုခပုံပဲ..တံခါးခေါက်သံတစ်ခုကိုမကြားရခင်အထိပေါ့....။

" ဝင်လာခဲ့.."

" ဝမ်ရိပေါ် ငါ့ကို ဒီစာရင်းလေးတွေလုပ်ပေးထားပါလား ငါအပြင်သွားစရာရှိလို့.."

အခန်းထဲကို ဖိုင်တွဲတစ်ချို့နဲ့ဝင်လာပြီး ဒုက္ခလာပေးတဲ့ ရှောင်ကျန့်က အလုပ်တော့မလုပ်ပဲ သူ့စော်နဲ့ချိန်းတွေ့ချင်နေရဲ့..။

" မရဘူး...ငါအိပ်နေတယ်.."

" မင်း..မင်းနော် စကားကို ကပ်သီးကပ်ဖဲ့မပြောနဲ့..အခုလုပ်ဆိုလုပ်လိုက်..ငါပြန်လာလို့မလုပ်ရသေးရင် မင်းနဲ့ငါတွေ့မယ်.."

" ရှောင်ကျန့်..မင်းဟာလေ.."

ရှောင်ကျန့် စောင်ပုံထဲကနေ ခေါင်းသာဖော်ထားတဲ့ ရိပေါ်ကို တစ်ချက်စိုက်ကြည့်ပေးလိုက်တယ်..သူ့ကို ဒီရက်ပိုင်းအတွင်း စကားတစ်ခွန်းဆို တစ်ခွန်း ပြန်ခံပြောနေတာ..မကြိုက်ဘူး  ရှောင်ကျန့်ကိုဒီလိုလာလုပ်လို့မရဘူး..။

ချက်ချင်းပဲ ပေါ်ရဲ့အပေါ်ကခြုံထားတဲ့စောင်ကိုဆွဲခွာပြီး ဝမ်ရိပေါ်ကို လက်ကနေဆွဲမလိုက်တယ် ဝမ်ရိပေါ်ရဲ့ ပေါ့ပေါ့ပါးပါး ကိုယ်လုံးလေးက ရှောင်ကျန့်လက်တွေကြားထဲမှာ အညစ်ခံနေရတယ်..။

" နာ နာတယ် ရှောင်ကျန့် မလုပ်နဲ့ အ့ မညစ်ပါနဲ့ဆို.."

" မင်းလုပ်ပေးမှာလား...မလုပ်ဘူးလား.."

° Do You Still Love ME ? ° ( Complete ) Unicode Only Dove le storie prendono vita. Scoprilo ora