|16|

2.9K 526 7
                                    

[Unicode]

ဟယ်ရှင်းချွမ်ပြန်သတိရလာချိန်မှာ၊ ထိုနေ့ကအခြေအနေတွေအားလုံးဟာ ရှင်းလင်းသွားခဲ့ပြီ။
ချင်ရှန်းရှန်းက ဟယ်ရှင်းချွမ်ကိုသဘောကျနေခဲ့တာ၊ အဲ့တော့ ဟယ်ရှင်းချွမ်နဲ့နှစ်ယောက်တည်းရှိချင်ခဲ့တယ်။
လီချန်က အကြံပေးတယ်၊ ရေနစ်ချင်ယောင်ဆောင်ပြီး ဟယ်ရှင်းချွမ်ကိုကယ်တင်ခိုင်းဆိုပြီးပေါ့။
အလှလေးကို ကယ်တင်မဲ့သူရဲကောင်း၊ ဘယ်လောက်တောင်လှလိုက်မဲ့ မြင်ကွင်းလေးလဲ။

မထင်မှတ်ထားစွာပဲ၊ ရေကန်စပ်နားမှာရပ်နေတဲ့ချင်ရှန်းရှန်းဟာ ခြေချော်သွားခဲ့တယ်။
ကြောက်လန့်မှုတို့နဲ့ရုန်းကန်မိချိန််မှာ ရေကနစ်သထက်နစ်လာခဲ့ပြီ။

လီချန်က ချင်ရှန်းရှန်းသရုပ်ဆောင်နေတယ်ပဲထင်ခဲ့တာ။
အဲ့တော့ ဟယ်ရှင်းချွမ်ကိုအပြေးခေါ်ပြီး ရေထဲတွန်းပို့တယ်။

"ဘယ်လိုတောင် ကြောင်တောင်တောင်နိုင်တာလဲ?"
ဝမ်ဘင်းဘင်းက ကျိန်ဆဲမိတယ်။

ယန်ထန်က သဘောတကျရယ်လိုက်ပြီး
"မကြီးဘင်း တရုတ်ပြည်ရဲ့နာမည်ကြီးမင်းသမီးဘင်းဘင်းဖြစ်စေရမယ်ဆို၊ ဒီလိုပြောနေလို့သင့်တော်ပါ့မလား?"

ရှုပမ်းကလည်းဝင်ပြောလာတယ်
"အဲ့ဒါက တကယ်လည်းကြောင်တာပဲဟာ၊ အတန်းခေါင်းဆောင် မင်းမျက်မှန်တွေဘယ်လိုလုပ်မလဲ? ချင်ရှန်းရှန်းကို ပြန်လျော်ခိုင်းလိုက်ရမလား?"

"ရတယ်၊ ငါ့မျက်လုံးကတော်တော်ကောင်းနေပါပြီ။ အသစ်တစ်ခုပဲထပ်လုပ်လိုက်တော့မယ်"

"အတန်းခေါင်းဆောင်၊ မင်းမျက်မှန်ကအထူကြီးပဲ ဒီဂရီဘယ်လောက်လဲ?"

ဟယ်ရှင်းချွမ်က သူ့ရှေ့ဆံပင်တွေကိုင်နေမိတယ်။မျက်မှန်ရှိတုန်းက မျက်မှန်ကိုကိုင်တယ်၊ အခုတော့ ရှေ့ဆံပင်တွေပဲကိုင်လို့ရတော့တယ်။

"ထန်ကော၊ ဆေးလိပ်ပါသေးလား?"
ဖက်တီးကမေးတယ်။

နေ့လည်စာစားပြီး ကျောင်းဆီပြန်လျှောက်လာခဲ့ကျတာ။
ယန်ထန်က သူ့အိတ်ကပ်တွေထဲစမ်းလိုက်ပြီး
"မပါဘူး၊ ချိုချဉ်တော့ပါတယ် စားမလား?"

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now