[Unicode]
တက္ကသိုလ်ပထမနှစ်တုန်းကတော့၊ ဟယ်ရှင်းချွမ်ဟာ ပေါ့ပေါ့ပါးပါးဖြတ်သန်းနိုင်ခဲ့တယ်။
နောက်ဆုံးနှစ်ရောက်ချိန်မှာတော့၊ စာမေးပွဲနဲ့ စာတွေအပေါ်မှာသာ စိတ်နှစ်ထားရပါတယ်။သို့သော်လည်း...သူ့ရဲ့ကျော်ကြားမှုက ရှိနေတုန်းပင်။
နောက်ဆုံးနှစ်မှာ၊ ရည်းစားမရှိတဲ့ ခပ်ချောချောစီနီယာကြီး ရှိတယ်ဆိုပြီးပေါ့။အသစ်ဝင်လာတဲ့ ဂျူနီယာကောင်မလေးတွေဟာ တန်းစီကုန်ကျပြီ။
စီနီယာကြီးရဲ့နှလုံးသားကို ဘယ်သူကအပိုင်သိမ်းနိုင်မှာလဲ?
"စီနီယာ! ပြစ်မှုဆိုင်ရာဥပဒေမှတ်စုတွေ ခဏလောက်ငှါးပေးလို့ရမလား?"
ဟယ်ရှင်းချွမ်က မော့ကြည့်လာတယ်။
မေးတဲ့ကောင်မလေးကို သူသိပ်မမှတ်မိဘူး၊ Electiveအတန်းများ တူတူတက်ခဲ့ဖူးတာလား???ခဏတာအတွေးများရပြီးနောက်မှာ၊ သူက ပြန်ဖြေလိုက်တယ်
"တောင်းပန်ပါတယ်။ စာမေးပွဲဖြေရမှာမို့လို့၊ ဒီမှတ်စုတွေကို ကျွန်တော်လိုအပ်နေသေးတယ်"ကောင်မလေးက အနည်းငယ်ရှက်သွားပုံပင်
"ဟုတ်သားပဲ...စီနီယာ စာမေးပွဲဖြေရမယ်ဆိုတာကို မေ့သွားတယ်"ဟယ်ရှင်းချွမ်က ဘာမှပြန်မပြောလာဘူး။
'ရောက်ပြီ'ဆိုသော စာဝင်လာတဲ့ဖုန်းကိုသာ၊ စိုက်ကြည့်နေပြီးမှ
"ခွင့်ပြုပါဦး၊ သွားစရာလေးရှိသေးလို့"ကောင်မလေးက ဘေးရွေ့ပေးလိုက်တော့၊ ဟယ်ရှင်းချွမ်ဟာ လျင်မြန်စွာပြေးထွက်သွားလေရဲ့။
တစ်စုံတစ်ယောက်ဆီ အပြေးလေးသွားတွေ့သည့်အလား။"ပြောသားပဲ! အဲ့စီနီယာက ရေခဲတုံးကြီးပါဆို! ငါ့ကိုမယုံဘူးမလား!?"
ဘေးမှာရှိနေတဲ့ကောင်လေးက အော်ပြောလာတယ်။ကောင်မလေးက နှာခေါင်းရှုံ့ပြကာ
"အထက်တန်းမှာကတည်းက ဘုန်းကြီးဖြစ်နေလားမသိပါဘူး...""စုံစမ်းပေးရမလား? စျေးညှိဖို့လွယ်ကူတယ်နော်?"
"ကောင်းဟုန်ဟူ! တစ်ချိန်လုံး ပိုက်ဆံစကားပြောနေမှာလား!?!?"
YOU ARE READING
Hedgehog And Tiger [Myanmar Translation]
RomanceTitle-刺猬与虎 Original Author-游目 Type-Web Novel 129 Chapters + 9 Extras Available in Both Unicode & Zawgyi I don't own the Story. I translate this from Google translate.So pls forgive me if I have any mistakes!