[Unicode]
ကျောင်းပြန်ဖွင့်ချိန်မှာ၊ ဘာသာရပ်ခွဲများအတွက် စာမေးပွဲကိုစတင်ပြင်ဆင်စေတယ်။
တစ်ခန်းလုံးဟာ ဘယ်ဘာသာရပ်ခွဲက ပိုသင့်တော်ကြောင်း ဆွေးနွေးနေကျပြီး၊ ဟယ်ရှင်းချွမ်ကိုပါ ဆွဲခေါ်ထားကျတယ်။"ထန်ကော၊ ဘက်စုံဗဟုသုတ(Liberal Arts)လား? သိပ္ပံ(Science)လား?"
"ဘာပဲဖြစ်ဖြစ်"
ဟယ်ရှင်းချွမ်က မျက်လုံးလေးမှေးကြည့်နေကာ
"ငါထင်တာတော့ ဘက်စုံဗဟုသုတရွေးသင့်တယ်ထင်တယ်! အရင်တစ်ခါက သမိုင်းအောင်သွားတယ်မလား!"သမိုင်းအကြောင်းပြောရင်၊ ဟယ်ရှင်းချွမ်ရဲ့စာအုပ်ထူထူကြီးကိုပဲ ပြေးမြင်မိတယ်။
ပြီးတော့ လူမသိသူမသိပျောက်ကွယ်သွားရတဲ့ ပန်းနုရောင်စာအိတ်လေးရောပဲ။ယန်ထန်က ပြုံးနေတယ်။
နံရံကို ကျောမှီလိုက်ကာ၊ လက်တွေကတော့ ဟယ်ရှင်းချွမ်ဆံပင်တွေကြားထဲမှာ။
"မင်းရော ဘယ်အတန်းသွားမှာလဲ?"ဘာပဲဖြစ်ဖြစ်ပါလေ...မင်းဘယ်သွားသွား ငါလိုက်ခဲ့မှာပဲဟာ။
ဘာသာရပ်ခွဲစာမေးပွဲဖြေပြီးသွားရင်၊ ကျောင်းသားတွေဟာ ဘာသာရပ်ခွဲအလိုက်နဲ့ပဲ အတန်းတက်ရတော့မှာ။
အတန်းစာရင်းတွေကိုတော့ ကျောင်းသားရေးရာရဲ့အောက်ထပ်မှာကပ်ထားတယ်။လူတစ်ချို့က အောက်ထပ်တောင်ရောက်နေကျပြီ၊ သူတို့ရဲ့အတန်းကို ရှာနိုင်ဖို့အတွက်ပေါ့။
ဖက်တီးကတော့ သူ့ကျောင်းယူနီဖောင်းကို လှန်တင်ကာ၊ ယန်ထန့်အသားနဲ့နှိုင်းယှဉ်ပြတယ်။
"ထန်ကော! အရမ်းမဲသွားပါလား!?"ပင်လယ်ဘက်ရောက်တုန်းက အသားမဲသွားတာမှန်ပေမဲ့၊ ဖက်တီးက ပိုကိုပိုလွန်းတယ်။
တကယ်တော့ ယန်ထန်က ပိုအရပ်ရှည်လာယုံပါ၊ အဲ့ဒါကြောင့်ပဲ ပိုမဲတယ်ထင်နေရတာ။အနောက်မှဟယ်ရှင်းချွမ်ကို စောင့်လိုက်ပြီး၊ ဘေးချင်းယှဉ်လျက်ပဲ လျှောက်လာခဲ့တယ်။
အသားဖြူတဲ့ဖက်တီးကို အကြည့်တစ်ချက်ပို့ကာ
"လူတွေက သူတို့ရုပ်ဆိုးတာကို အသားဖြူတာနဲ့ဖုံးချင်ကျတာ၊ ငါကဒီလောက်ချောတဲ့ဟာ အသားမဲလည်းကြောက်စရာလား!"
YOU ARE READING
Hedgehog And Tiger [Myanmar Translation]
RomanceTitle-刺猬与虎 Original Author-游目 Type-Web Novel 129 Chapters + 9 Extras Available in Both Unicode & Zawgyi I don't own the Story. I translate this from Google translate.So pls forgive me if I have any mistakes!