ဆေးရုံကြီး တစ်ခုရဲ့စောင့်ကြည့်လူနာခန်းတွင် လွန်ခဲ့သောတစ်လခွဲလောက်က
ကားတိုက်ခံရပြီး မေ့မျောနေသော
လူနာတစ်ယောက် ရှိလေသည်
သူ့မာကြီးကြီးမားမား ထိခိုက်မှုဆိုလို့
ခြေထောက်တစ်ဖက်အရိုးကျိုးသွားပြီး
ဦးခေါင်းခုနှစ်ချက် ချုပ်ရသည်သာ
သို့သော်
ပြင်ပ ဒဏ်ရာတွေသက်သာလာတာတောင်
လုံးဝသတိပြန်မလည်လာသေးတဲ့ သူ့အတွက်
ဆရာဝန်ကြီးများ ခေါင်းစားလျက်ရှိသည် ဆေးပညာအရ မဟုတ်ဘဲ
ဝတ္ထုဆန်ဆန် တွေးမယ်ဆိုရင်တော့
သူ့ရဲ့စိတ်ဝိဉာဥ်ဟာ လက်ရှိဘဝထဲကို
ပြန်မလာချင်သေးတာကြောင့်ဖြစ်မည်....................
တနင်္ဂနွေနေ့ ပိုင်မှူး သင်တန်းပိတ်ရက်မို့
မြလေး အတူ လျှောက်လည်ကြဖို့
ချိန်းဆိုထားသည်
ခါတိုင်းပိတ်ရက်ဆို နှစ်ယောက်အတူ
စာအုပ်အဟောင်းတန်းသွားသည်
သားသားနားနား ဆိုင်ကြီးတွေမဟုတ်တဲ့
လမ်းဘေးဆိုင်လေးတွေမာ
မုန့်ပတ်စားသည် ရုပ်ရှင်ကြည့်ကြသည်
ဒီတပတ်တော့ထူးထူးခြားခြား
ကန်တော်ကြီးဘက်သွားထိုင်ပြီး
စကားပြောကြမယ်လို့ သူမ
တောင်းဆိုထားသည်"ပိုင်မှူး ...
ပိုင်မှူး မြလေးကိုချစ်လား"ခပ်တည်တည် မေးလာတဲ့ ကောင်မလေးကို ကြည့်ရင်း ပိုင်မှူး စနောက်ချင်လာသည်
"မြလေးက ဒီလို အေးအေးဆေးဆေးနေရာ
ဘာလို့ရွေးပါလိမ့်တွေးနေတာ
ခုတော့သိပြီ ချစ်စကား ကြိုက်စကားတွေ
ပြန်ဆွေးနွေးဖို့ ဟုတ်သလား
ပိုင့်ကို မခွဲနိုင်တော့ပါဘူး
မြလေး ခိုးပြေးပါရစေ ပြောမလို့မလား"" မနောက်နဲ့ ပိုင်မှူး မြလေး
အတည်မေးနေတာ""အာ..ဟုတ်ပါပြီ
အဲတာဆို ပိုင် အတည်ဖြေရမာပေါ့
ကိုယ်မြလေးကို ချစ်တယ်
စတွေ့ကတုန်းကတော့ ချစ်ဖို့ကောင်းတဲ့ကောင်မလေးဆိုပြီး
စိတ်ဝင်စားခဲ့တာပေါ့ နောက်တော့
တဖြေးဖြေး မြလေးက ပိုင့်ရင်ထဲမာ
နေရာယူလာတယ်ဆိုတာ သိလာတယ်
ကိုယ် မြလေးကို ချစ်သူဖြစ်ခွင့်တောင်းတယ်ဆိုတာဟာ
ကိုယ့်အနားမာတစ်စုံတစ်ယောက်လိုအပ်လို့
တောင်းဆိုခဲ့တာမျိုးမဟုတ်ဘူး
တကယ့်ရင်ထဲကနေ မြလေးကို ချစ်မိလို့"
