Umbrella (part-5) final

695 51 3
                                        

ဒီနေ့ စိတ်ကူးချိုချိုစာအုပ်တိုက်မှ
စတင်ကျင်းပမည့် စာအုပ်ပွဲတော် ရှိတယ်လေ
ပိုင်မှူး သင်တန်းပိတ်ရက်လည်း
ဖြစ်တာမလို့ စာအုပ်ဝယ်ဖို့
အေးအေးဆေးဆေး သွားကြည့်လို့ရတာပေါ့

"ဟဲ့ နင်ဒီစာအုပ်ဖတ်ပြီးပြီးလား
ငါတော့ ဖတ်ပြီး လင်ယူချင်စိတ်ကုန်သွား
တာပဲ ရေးတဲ့ဆရာမက ကလေးနှစ်ယောက်ရှိတယ်တဲ့ ဖတ်မိတဲ့ငါက လင်ယူရမာကြောက်သွားတယ်အေ ..."

"ဘာစာအုပ်လဲ စုမြတ်"

"ဆရာမ မိုးမိုးအင်းလျားရဲ့
'ညီမလေးက အချစ်ကိုကိုးကွယ်တတ်သလား'
လေ"

"မြလေး ကတော့ အချစ်ကိုမကိုးကွယ်တတ်ပါ.. တကယ်တော့ ချစ်ရမယ့်သူကို
မတွေ့သေးတာလို့ ပြောရမလား"

"အမလေး အရေးထဲမှကြေငြာဝင်လာသေးတယ် ငါကစာအုပ်နာမည်ပဲ ပြောတာပါနော်
အပိုတွေလုပ်မနေပါနဲ့
ညည်းမစွံတာသိပြီးသား"
"ဟားဟား"

ပိုင်မှူး မြလေး ဆိုတဲ့နာမည်ကို
ကြားလိုက်ရတော့ ဘယ်ဘက်နှလုံးသားက
ရုတ်တရက် ခုန်ပေါက်လာ၏
ဒါကြောင့်
ပိုင်မှူးရွေးချယ်နေသော
ဆရာတက္ကသိုလ်ဘုန်းနိုင် စာအုပ်တန်းမှ
အသံလာရာ စာအုပ်တန်းဘက်သို့
အပြေးသွားကြည့်လိုက်သည်

"ဟင် ဘယ်များရောက်သွားပြီလဲ
ငါစိတ်ထင်တာပဲလား ....
မဟုတ်ပါဘူး
အသေချာကြီး မြလေးဆိုတဲ့ အသံကို
ကြားလိုက်ရတာ"

ပိုင်မှူးစာအုပ်အတန်းကြားတွေထဲ စုံနေအောင်
လိုက်ကြည့်သည် အေးအေးဆေးဆေး
စာအုပ်ရွေးနေသူများကြားတွင် ပိုင်မှူးအဖြစ်က မျောက် ငှက်ပျောသီးမရ သလိုဖြစ်နေသည်
သိူ့သော် မြလေး ဖြစ်နိုင်မည့် ကောင်မလေးကို
မတွေ့တော့ပါ
..............

မနေ့က မြလေးဆိုတဲ့ မိန်းကလေးကို လိုက်ရှာရင်း စာအုပ်ဆိုင်မာ ပိုင်မှူး ထီးမေ့ကျန်ခဲ့သည်
အဲထီးလေးက ပိုင်မှူးအကြိုက်ဆုံးထီးလေး
ပိုင်မှူးတို့LGBT သင်္ကေတ
သက်တန့်ရောင်ခြယ် ထားတဲ့ ထီးလေးမို့
သတိရရချင်း သွားပြန်ယူသော်လည်း
မတွေ့တော့တာကြောင့်
စိတ်မကောင်းဖြစ်ရသည်
နောက်ထီးချောင်းဝယ်ဖို့ လွယ်သော်လည်း
အဲလိုသက်တန့်ရောင်ထီးပဲ
လိုချင်တာကြောင့်ရှာဝယ်ရလေဦးမည်

ပိုင်မှူးသင်တန်းပြီး အပြန် အိမ်ကို
ဖြေးဖြေးမှန်မှန်
လမ်းလျှောက်လာခဲ့သည်
ဒီနေ့ တစ်နေကုန် ခြစ်ခြစ်တောက်ပူနေသော
ရာသီဥတုသည် အဘယ့်ကြောင့်သင်တန်းအပြန်လမ်းကျမှ ကောက်ကာငင်ကာ မိုးထရွာလည်းမသိ ပိုင်မှူးမာ
ငါးနှစ်တာ နီးပါး ထီးမပါတဲ့ နေ့ ဆိုတာ
မရှိခဲ့ ခုတော့ တစ်ရက်ကလေးမပါလာတာကို
တစ်ရက်မိုးစိုရဦးမည် သင်တန်းနဲ့လည်းနည်းနည်းဝေးသွားပြီမို့ အိမ် သို့သာ မိုးရေချိုးရင်း
အရောက်ပြန်ရတော့မယ်

"ဟိတ်... ဟိုရှေ့ကလူ"

ဘယ်သူ့ကို ခေါ်မှန်းမသိပေမယ့်
နောက်လှည့်ကြည့်မိတော့

"ဟင်"

"ထီးကပ်ဆောင်းမလားလို့"

"....."

အမ် ...ကြောင်တောင်တောင်လားမသိ
မေးတာမဖြေဘဲ မျက်လုံးပြူးကြီးနဲ့
လာကြည့်နေတာ
"မိုးရေချိုး မလို့လား
မဆောင်းရင်လဲ မြလေးသွားပြီနော်"

"အဲ နေ..နေပါဦး ကပ်လိုက်ပါရစေဗျ
ပေးပေး.. ထီးကို ကျွန်တော် ကိုင်ခဲ့မယ်လေ"

"ဟုတ်...ရော့"

"ဟုတ်ကဲ့ဗျ ဟီးဟီး"

တစ်ခါတစ်ရံ ပျော်ရွှင်မှုဆိုတာ
ရှာဖွေနေတိုင်းလည်း မတွေ့နိုင်ပါဘူး
အချိန်မှန် အချိန်တန်ရင် သူ့အလိုလို
တွေ့ရှိပြီး ရောက်လာတတ်ပါတယ်
ကျွန်တော်တို့တွေဟာ ပျော်ရွှင်မှုတွေကို
ရှာဖွေရင်း မပျော်ရွှင်ရတဲ့အခိုက်တန့်တွေနဲ့
ကြုံတွေ့ရရင် ဘဝကို စိတ်ပျက်တတ်ကြတယ် ဘာလို့ ငါ့ဘဝက
သူများတွေလိုပျော်ပျော်ရွှင်ရွှင်နေခွင့်မရတာလဲဆိုတဲ့မေးခွန်းတွေမေးပြီး ကိုယ့်ကိုကိုယ်
အားငယ်အောင် နှိပ်စက်တတ်ကြပါတယ်
တစ်ချို့ကိစ္စတွေဟာဖန်တီးလို့ ရပေမယ့်
တစ်ချို့အကြောင်းရာတွေမာတော့
ကံတရားရယ် အချိန်ကသာ
ဖန်တီးဆုံးဖြတ်တတ်ပါတယ်

"ဟို..ရှင့် အိမ်က ဘယ်နားမာလဲ
မြလေး အိမ်က ဒီမာရောက်ပြီ"

"အင်း..မြလေး ဒီအိမ်ပြောင်းလာတာ သိပ်မကြာသေးဘူးမလား အရင်က ဒီခြံဝန်းနဲ့အိမ်ကို ကျွန်တော်အမြဲလာကြည့်ဖြစ်တယ် ကျွန်တော့်အိမ်ကတော့ ဟိုနှစ်ပြလောက်ကတည်းက ကျန်ခဲ့ပြီ ဒီတိုင်း ထီးအတူဆောင်းချင်လို့ လိုက်လာတာ နောက်လည်းဆုံကြမယ်နော် ..တာ့တာ မြလေး"

"ဟောတော့ ...
ဘယ်လိုလူလဲမသိ
ကဲ ထီးယူသွားဦး
နောက်ဆုံချင်ရင် ထီးပြန်လာပေး ဒါပဲ"

"ဟုတ်ကဲ့ပါခင်ဗျ"

ဒီသံသရာဟာ တစ်ပတ်ပြည့်ပြီ ထင်ပါရဲ့
..................

Umbrella (ထီး)Where stories live. Discover now