ဒီကနေ့ ဘယ်အငြိုးကြောင့်လည်းမသိ
ကောင်းကင် တစ်ခွင်လုံး မိုးသားတွေ
ပြည့်နှက်နေပြီး
မိုးတွေ သဲသဲမဲမဲ ရွာနေတာ
ထုံးစံအတိုင်း
သင်တန်းကနေ အိမ်ကို ပိုင်မှူး
တစ်ယောက်ထဲ လမ်းလျှောက်ပြန်လာစဥ်...
ရုတ်တရက်
မပြောမဆိုနဲ့ ပိုင်မှူးထီးအောက်
ခိုဝင်လာပြီး သွားဖြဲ အစွမ်းကုန်ရယ်ပြနေတဲ့
ကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့လေသည်"ဟို.. မြလေး ထီးမပါလာခဲ့လို့
ဒီက အမ.. အယ် အကိုနဲ့
ကပ်လိုက်ပါရစေနော်""မင်းက ခွင့်တောင်းတာက နောက်မှ
ခု ကိုယ့်ထီးအောက်တောင်
ရောက်နေပြီလေ""ဟီးဟီး...
ဒါနဲ့ ခုနအမလို့ ခေါ်မိတာ စိတ်ဆိုးသွားလား
မြလေး က ဘယ်လို ခေါ်ရမှန်းမသိလို့
အကိုက tomboyဆိုတာတော့ သိပါတယ်""ရတယ် ခု အဆင်ပြေသလိုခေါ်
နောက်လည်း တွေ့ရမာ မှ မဟုတ်ဘဲ
ဒါနဲ့ မင်းက ဘယ်ထိ သွားရမာလဲ
ကျွန်တော်အိမ်က ရှေ့နားဆို ရောက်တော့မာ""ဟုတ်လား မြလေးက ဟိုရှေ့
နှစ်ပြလောက်တော့သွားရဦးမာ
လိုက်မပို့ပါနဲ့ ရပါတယ်""ကျွန်တော်လည်း လိုက်ပို့မယ်
မပြောမိပါဘူးနော်""ဟဲဟဲ ပြောမလားလို့ပါ"
ပိုင်မှူး အိမ်ရှေ့သို့ ရောက်လာပြီ
ထီးကို သူ့ပေးပြီး ပြန်လွှတ်ဖို့ စိတ်ကူးလိုက်သော်လည်း သဲကြီးမဲကြီးရွာနေတဲ့
မိုးကြောင့် လမ်းမပေါ်လူသွားလူလာ
မရှိသလောက်ဖြစ်နေသည်
အနှီမိန်းကလေးကို ကြည့်မိတော့လည်း
ချစ်စဖွယ် မျက်နှာလေးနဲ့ အသနားခံနေသလို
ကိုယ်က ယောကျာ်းလေးလို နေသည်မို့
လူပြတ်လည်း အသွားအလာ
သိပ်မကြောက်တတ်ပါ
နောက်ဆုံးတော့ အိမ်ထဲဝင်မည့်
ပိုင်မှူးခြေလှမ်းတွေက လမ်းမပေါ် ပြန်ရောက်လာပြီး ထီးကပ်ဆောင်းတဲ့
ကောင်မလေးတစ်ယောက်ကို အိမ်ထိ
လိုက်ပို့ရလေသည်နောက်တစ်နေ့ သင်တန်းဆင်းချိန်တွင်
"ပိုင်မှူး"
ခေါ်သံကြားလို့ ကြည့်လိုက်တော့
ထီးကပ်ဆောင်းတဲ့ မိန်းကလေး"ဒီနေ့ ထီးမပါဘူးလား ပိုင်မှူး"
"မိုးမရွာဘူးလေ ဘာလို့ထီးဆောင်းရမာလဲ
မနေ့ကလည်း သင်တန်းက
ဆရာမပေးလိုက်လို့သာ
ကျွန်တော်က ထီးဆောင်ထားတဲ့
အလေ့ကျင့်မရှိဘူး""နောက်နေ့တွေ ဆောင်ထားပေါ့
နေပူပူ မိုးရွာရွာ
မြလေး ကပ်ဆောင်းလို့ရအောင်""မင်းက ကျွန်တော်နဲ့ လမ်းကြုံလို့လား
မကြုံဘဲ စောင့်နေပြီး
တမင် လာ ရှုပ်နေတာလား
ပြီးတော့ ဘယ်လိုလုပ်နာမည်သိနေတာလဲ""ပိုင်မှူးကမေးခွန်းများလိုက်တာ
ဒီနေ့ ပိုင်မှူးအိမ်မာပဲ
နေခဲ့တော့ နောက်ရက်တွေ ထီးယူလာခဲ့ဒါပဲ
မြလေးသွားပြီ တာ့တာ"အဲဒီလိုနဲ့ နေ့တွေရက်တွေဆက်တိုက်
ကျွန်တော် သင်တန်းဆင်းချိန်ဆို
ရှေ့ကနေ အမြဲစောင့်နေပြီး
အိမ်ပြန်လမ်းတစ်လျှောက် လေအလွန်ပေါ
ဆရာကြီး အရမ်းလုပ်တဲ့
ထိုကောင်မလေးကြောင့် မပျင်းရတော့ပေ
ခင်မင်ရင်းနှီးသည့် နောက်ပိုင်း သူ့ကို
အိမ်အထိအရင် လိုက်ပို့ပြီးမှ ကိုယ့်အိမ်ကို
ပြန်လာတတ်တော့သည်သူမပြောတဲ့ စကားကိုနားထောင်မိသလား
မပြောတတ် နေပူပူ မိုးရွာရွာ ခုနောက်ပိုင်း
ပိုင်မှူးထီးတစ်ချောင်း
အမြဲဆောင်ထားမိသည်
ထီးတစ်ချောင်းအောက် အတူရှိရတဲ့
နီးကပ်တဲ့ ခံစားမှုကို ပိုင်မှူး
တပ်မက်လာသည်
နောက်တော့ ချစ်ခြင်းမေတ္တာဆိုတဲ့
အရိပ်အောက် နှစ်ယောက်အတူ
ခိုဝင်ခဲ့ကြသည်"ပထမ ပိုင်ဆောင်းတဲ့ထီးအောက်ခိုဝင်တာ
ခုပိုင့်ရဲ့ ရင်ခွင်အောက် ခိုဝင်နေပြီ"လို့
စကားတတ်တိုင်း သူမပြောတာကို
သဘောကျရ၏
သူမရဲ့ဆိုးဆိုးနွဲ့နွဲ့ အမူကျင့်တွေအောက်မာ
မုဆိုးလက်က ရုန်းထွက်လို့မရတဲ့
ယုန်သူငယ်လေးလို ပိုင်မှူး အမြဲတမ်း
အရှုံးပေးနေရ၏
.........
ဒီနေ့ သင်တန်းရှေ့ အမြဲစောင့်နေတတ်
သည့် သူမကိုမတွေ့ရပါ
နေမကောင်း၍လား
တစ်ခြားကိစ္စရှိလို့လားမသိ
ပိုင်မှူးရင်ထဲမာတော့
တစ်ရက်လေး မလာတဲ့ ချစ်သူကြောင့်
နေလို့မကောင်းပါ
အိမ်ပြန်လမ်းတစ်လျှောက်
ကိုယ့်ရဲ့ သာလိကာမလေး မပါတော့
ပျင်းခြောက်ခြောက်ရှိလှသည်
အနားမာ ရှိချိန်ထက် မရှိတော့မှ
တန်ဖိုးကို သိသည်ဆိုတဲ့စကားက
ခုမှ မှန်လိုက်လေခြင်းပိုင်မှုးအိမ်ရောက်သည်နှင့်
မြလေး ဆီဖုန်းခေါ်ကြည့်တော့
ဖုန်းအဆက်သွယ်ပါ
ဖြတ်တောက်နေသည်
လူလည်းမလာ ဖုန်းလည်းဆက်မရသည့်
အခြေနေမို့
နေ့လယ်ကတည်းက လေးလံနေတဲ့
စိတ်သည် ခုပိုမို ကြီးထွားလာခဲ့သည်
ဒါကြောင့်သူမအိမ်လိုက်သွားရန်
ဆုံးဖြတ်လိုက်သည်
.........
