ဇူလိုင်လရဲ့ မိုးရေစက်တွေမာ
ကျွန်တော်နဲ့ မြလေးဟာ
လက်တွေ့ဘဝမှာ
ဆုံတွေ့ခွင့်ရခဲ့ပြီမနေ့က အိမ်အပြန် မြလေးပေးလိုက်တဲ့
ထီးလေးကို သိမ်းထားချင်တာကြောင့်
မြလေး ထီးနဲ့ တစ်ပုံစံတည်း တူတဲ့
ထီးကို ပတ်ရှာဝယ်ခဲ့တယ်
"နောက်ဆုံချင်ရင် ထီးပြန်လာပေး"ပြောထားသည်မို့ ထပ်တွေ့ဖို့ရာ အကြောင်းရင်း
အခိုင်လုံရှိတယ်မဟုတ်လားမိုးဖွဲဖွဲလေးကျနေတဲ့ ဒီနေ့မနက်မှာ
မြလေးတို့ ခြံဝန်းရှေ့သွားစောင့်နေလိုက်တယ်မနက် ကိုးနာရီ အချိန်ကျမှ
မိုးကာကြီး ဝတ်ပြီး အပြင်ထွက်လာတဲ့ကောင်မလေး
ဆူပုတ်ပုတ် မျက်နှာထားနဲ့
ပါးစပ်ကလည်း ဘာတွေ ပြောဆိုနေမှန်းမသိ
သူမအိမ်နဲ့ အဆင်မပြေဖြစ်နေတာများလား
သူမ အပြင်ဘက် ထွက်လာသည်မို့
ပိုင်မှူး ခြံရဲ့ ဘေးနားသစ်ပင်အောက်မာ
ပြောင်းစောင့်နေလိုက််တယ်"ဟိတ် မိန်းကလေး"
"အမေ့...
ဟာ...ဘာလဲ ဒီလူကတော့ လန့်အောင်
လာလုပ်နေတာလား
လူမှ စိတ်မကြည်ပါဘူးဆို"ဟ...ဒေါသအိုးလေးဗျ
ကိုယ်သာ ထပ်စမိရင်
မဲကျရာကျောင်းတိုက် ဖြစ်တော့မာမို့"ဒီမာဗျ ထီးပြန်လာပေးတာ
ဒါနဲ့...
မမြလေးက ထီးမရှိလို့ မိုးကာဝတ်လာတာလား""ဘာ မမြလေးလဲ....ရှင်က အတော်ငယ်ချင်နေတာလား...
ပြီးတော့ မြလေးကထီးမရှိတာ
မဟုတ်ဘူးလေ ထီးမရှိတဲ့ သူကိုငှားမိလို့
ထီးမပါတာ ..
ငှားတဲ့သူကလည်း ရှင်ပဲလေ
စကားပြောတာ ကြောင်တောင်တောင်နဲ့
ဘယ်လိုလူကြီးမှန်းမသိ"လက်တွေ့ဘဝထဲက မြလေးက
စွာတေးလေးဗျ
ကျွန်တော်တော့ သတိကြီးကြီးထားရမယ်"အော်..ရှင်ထီးပြန်လာပေးပြီဆိုတော့
ဒီမိုးကာကြီး မဝတ်ချင်တာနဲ့အတော်ပဲ
သွားချွတ်လိုက်တော့မယ်"ပြောပြီးပြီးချင်း ထီးကို ပြန်ယူပြီး
အိမ်ထဲပြေးသွားလေသည်"ဟယ် ရှင် မပြန်သေးဘူးလား
ဘာရပ်လုပ်နေတာလဲ""ဒီသစ်ပင်အောက် မိုးခိုနေတာ"
