Umbrella(part-4)

553 52 2
                                    

အခန်းထဲတွင် မေတ္တာသုတ် ရွတ်ဆိုနေတဲ့
အမေ့ရဲ့ လေသံတိုးတိုးလေး ပျံလွှင့်နေသည်
ပိုင်မှူးအိပ်ပျော်တာ
ဘယ်လောက်ကြာသွားမှန်းမသိ
မျက်ခွံတွေ လေးလံနေကာ ဖွင့်ကြည့်ဖို့ကို
အတော်အားယူနေရသည်
ရေဆာလာသဖြင့် ရေတောင်း​နေသော်လည်း
နှုတ်ခမ်းလေးလှုပ်ရုံမျှ ပြောနေသော
ပိုင်မှူး အသံကို အမေ မကြားနိုင်ပါ

'လူနတ်သတ္တဝါတွေ အားလုံးကျန်းမာပါစေ
ချမ်းသာ ပါစေ ဘေးရန်ကင်းရှင်းကြပါစေ'
လို့ ဆုတောင်းမေတ္တာပို့ပြီး အမျှဝေတော့
အရင်လို အမေ့ရဲ့ကြေးစည်ရိုက်ခတ်သံကို
မကြားရပါ
ပိုင်မှူးမျက်လုံးဖွင့်ပြီး
ဘေးပတ်ပတ်လည်လည်ကို
ဝေ့ကြည့်လိုက်တော့
ဆေးရုံသုံး ကိရိယာတွေနှင့်မို့
ဆေးရုံရောက်ရှိနေတယ်ဆိုတာ
သိလိုက်ရသည်
အမေ သည်လည်း လူနာစောင့် ကုတင်တစ်ခုပေါ်မာ ထိုင်ပြီး မေတ္တာပို့အမျှဝေ နေသည်မို့
အိမ်မာ လို ကြေးစည်ရိုက်ခတ်သံ မကြားရခြင်း ဖြစ်လေမည်

ဘုရားရှိခိုးပြီးနောက် အမေဟာ
တရားမှတ်ယူရန် မျက်လွှာတွေပိတ်ပြီး
ဝင်လေထွက်လေ ရှူ့နေပြန်လေသည်
စိတ်သွားတိုင်း ကိုယ်မပါတဲ့
ခန္ဓာကိုယ်ဖြစ်နေသည့် ကျွန်တော့်မာ
ရေ သောက်ရရန် မည်သို့လုပ်ရမည်
မသိတော့ပါ

"ဂျောက်"
အခန်းတံခါးဖွင့်သံနှင့်အတူ
အခန်းထဲကို တစ်စုံတစ်ယောက်
ဝင်လာသည်မို့
တံခါးဝ သို့ လှမ်းကြည့်လိုက်သောအခါ

"မြလေး... "

"ဟာ... အန်တီဝေရေ ပိုင်မှူး ပိုင်မှူး
သတိရလာပြီ ထင်တယ် မျက်လုံးတွေ
ပွင့်နေပြီ လာကြည့်ပါဦး"

သက်ပြင်း ခပ်ပြင်းပြင်း ချမိသည်
အသံကြားလိုက်ရတော့ကျွန်တော့်စိတ်တွေ
ထင်ယောင်ထင်မှား ဖြစ်နေတယ် ဆိုတာ
သိလိုက်ရပြီ ဒါကျွန်တော်  သူငယ်ချင်းရတီ
အသံလေ အမေလည်းရတီ
ပြောသံကြားတာနဲ့
အနားကို တန်းပြေးလာသည်
ရတီကတော့ ဆရာဝန်များ
ကျွန်တော်အခြေနေကိုစစ်ဆေးပေးရန်
သွားခေါ်လေ၏

"အစကတည်းက ဒဏ်ရာတွေကလည်း
သက်သာနေပြီ ကျန်တာလည်း
အကုန်ကောင်းပါတယ်
လူနာက စိတ်နဲ့ ခန္ဓာ ကင်းကွာနေလို့ သာ
ခုလို ပြန်သတိရဖို့ ကြာနေခဲ့တာ
အားဆေး သွင်းပေးခဲ့မယိနော်
အစားများများ ဖိစားပေးရင် မကြာခင်
ထူထူထောင်ထောင် ​ဖြစ်လာမာပါ ဒါကြောင့်
နောက်နှစ်ရက်လောက်နေရင်ကို
ဆေးရုံက
ဆင်းချင်ဆင်းလို့ရပါပြီ"

Umbrella (ထီး)Where stories live. Discover now