Part 1

769 15 3
                                    

Part  1

သူငယ်ချင်းတွေနဲ့ စားသောက်ဆိုင်မှာ ထိုင်နေရင်း ဝင်လာတဲ့ ခပ်ချောချော အစ်ကိုနှစ်ယောက်ကြောင့် ကျွန်တော် ငေးနေမိသည်။

" မင်း အစ်ကိုရိပေါ်ကို ငေးနေတာလား "

" အဲ့ဒီအစ်ကိုနာမည်က ရိပေါ်လား  "

" ဟုတ်တယ် အဲ့ဒီအစ်ကို့ကို ယောက်ကျားတွေက ပိုကြိုက်ကျတယ်။ အဲ့ဒီအစ်ကိုက ဘယ်သူမှ မရှောင်ဘူးနော် ရည်းစားများတယ်။  အခု အဲ့ဒီအစ်ကိုဘေးနားက တစ်ယောက်ကို  ဒီနေ့တွဲမယ်  ပြီးရင် နောက်တစ်ယောက် ဆက်တွဲမယ်  "

" ဟုတ်လား  "

" ဘာလဲကျန့်လေး မင်းစိတ်ဝင်စားနေပြီလား  "

" ငါစိတ်ဝင်စားတာမဟုတ်ဘူး။ ငါစိတ်မဝင်စားပါဘူး  "

" အေး စိတ်မဝင်စားတာ ကောင်းတယ် စိတ်ဝင်စားရင် မင်းလှည့်စားခံရလိမ့်မယ် အဲ့ဒီအစ်ကိုက အချစ်ကို တန်ဖိုးမထားလှည့်စားနေတဲ့သူပဲ   "

" အင်း "

ရိပေါ်တဲ့လား ဘာလို့ ကျွန်တော်သူငယ်ချင်းပြောသလို့ လူတွေကို လှည့်စားတဲ့သူလို့ မမြင်ပဲသူရဲ့ ဖြူစင်တဲ့ မျက်နှာပဲ မြင်မိပါ့လိမ့် 

ကျွန်တော် အပြင်ထွက်လာတုန်း  ရှေ့မှာ ကျွန်တော်ကားကို လှမ်းတားတဲ့ လူတစ်ယောက် ကျွန်တော်လည်း ကားကိုရပ်ပြီး  မှန်ကို ချလိုက်သည်။

" ကောင်လေး ငါကားပျက်လို့ ငါလူကြုံလိုက်လို့ရမလား "

ရှောင်ကျန့် ချောမောလွန်းတဲ့သူကိုကြောင်ကြည့်နေမိသည်။

" ဦးကားကို ကျွန်တော် ကြည့်ပေးမယ်လေ "

" ကောင်လေးက ကားပြင်တက်လို့လား "

" ပြင်တော့မပြင်တက်ဘူး   ဒါပေမဲ့ ကျွန်တော်
ကြည့်ပေးမယ်လေ  "

ကျွန်တော်လည်း ဆင်းပြီး ဦးကားကို ကြည့်နေတုန်း မိုးတွေရွာချလာသည်။ အဲ့ဒါနဲ့ ဦးကို မြန်မြန်ကားပေါ် တက်ခိုင်းလိုက်သည်။

" ကျွန်တော်ဘယ်ပို့ပေးရမလဲ  "

" ငါအိမ်ကို ပို့ပေး ငါအိမ်က လမ်းမတော်လေး  "

" ကျွန်တော် လိုက်ပို့မယ် "

" ဦးရဲ့ရေမွှေး အနံက သင်းနေတာပဲဦးက ရေမွှေးကြိုက်တာလား   "

" အင်း ရေမွှေးက ငါရဲ့ crazy  တန်ဖိုးရှီတဲ့ ရေမွှေးတိုင်းကို ငါကြိုက်တယ် ဝယ်တယ် စုဆောင်းတယ်  "

" ကျွန်တော် ဦးကားကို ဝတ်ရှော့ ဖုန်းဆက်ပေးထားတယ် "

" ကျေးဇူးတင်တယ် ကောင်လေး  "

" ကောင်လေး လို့ခေါ်တာ တမျိုးပဲ"

" မင်းကျတော့ကော ငါကိုဦးလေးတဲ့
ငါကအဲ့လောက်အသက်ကြီးနေလို့လား "

"  အသက်တော့မကြီးပေမဲ့.. "

" ဘာပဲဖြစ်ဖြစ်အဲ့လိုခေါ်တာငါသဘောကျပါတယ်
မင်းကော "

"  ကျွန်တော်လည်းတစ်ယောက်မှ မခေါ်ဘူးလို့ သဘောကျပါတယ် "

" ရှေ့ကအိမ်နံပတ် ၂၆  ကို အဲ့ခြံထဲ ဝင်လိုက်ပါ   "

အိမ်က အကြီးကြီး ခြံကလည်းတော်တော်ကျယ်တာမို့လို့  ဦးက အရမ်းချမ်းသာမှန်း သိသာသည်။

" ဆင်းလေ ကောင်လေး  "

" ဟုတ်ကဲ့  "

အိမ်ထဲဝင်လိုက်တာနဲ့

"  အငယ် မိုးရေတွေ စိုနေပါ့လား  "

" ကျွန်တော်ကားပျက်သွားပြီ အစ်ကို
အဲ့ဒါကြောင့် ဒီကောင်လေးကို လိုက်ပို့ခိုင်းတာ "

"  ညီ ထိုင်လေ  အငယ် အင်္ကျီသွားလဲလိုက် "

" ဟုတ်ကဲ့  "

" ကျေးဇူးတင်ပါတယ် ညီ အပြင်သွားတိုင်း အမြဲစိုးရိမ်နေရတယ် အခု ညီက အငယ်ပေါ် တော်တော် ကောင်းတဲ့ သူပဲ "

" ဗျာ "

"အငယ်က အိမ်ကို တစိမ်းဧည့်သည်ခေါ်မလာဖူးလို့ပါ ပထမဆုံးခေါ်လာတဲ့ ညီက အငယ်ပေါ်တော်တော် ကောင်းလို့ ခေါ်လာတာနေမှာ "

ရည်းစားများတဲ့ ဦးက အိမ်ကို ဘယ်သူမှ ခေါ်မလာဖူးဘူးတဲ့လား

အိမ်ကူကောင်လေး လာချတဲ့ ကော်ဖီ ကို ကျွန်တော်ကို တိုက်လို့ သောက်ခဲ့ရသလို့ ဦးအကြောင်းလည်း သိခဲ့ရတယ်။  ဦးမိဘတွေက ဆုံးသွားပြီလို့ သိရတယ် ညီအစ်ကို နှစ်ယောက်ပဲရှီပြီးမိဘတွေ ထားခဲ့တဲ့ အမွေတွေနဲ့ ဆေးရုံဖွင့်ပြီး  ဦးရဲ့အစ်ကိုက ဆေးရုံအုပ်ကြီးဖြစ်ကြောင်းသိရသည်။ ဦးကိုတော့
ဘာအလုပ်မှမခိုင်းပဲ ဖူးဖူးမှုတ်ထားပုံရသည်။

#ကောင်လေး
Crd. Chit Hnin

ကောင်လေးWhere stories live. Discover now