Part 4

147 8 0
                                    

Part  4

" အဲ့ဒါကြောင့် ငါပြောသားပဲ  မင်း အဲ့ဒီအစ်ကိုနဲ့ သွားမပတ်သတ်ပါနဲ့လို့ အဲ့ဒီအစ်ကိုက မင်းကို အရုပ်ကလေး တစ်ရုပ်လို့ ကစားနေတာ "

ဦးနဲ့ မတွေ့ရတာတစ်ပတ်ရှီနေပြီ။
စိတ်ညစ်လို့ ယူဘင်းနဲ့ ကျင်းရီဆီထွက်လာမှ အပြစ်တင်စကားတွေ ပြောခံနေရသည်။ သူတို့ပြောလည်း ပြောလောက်ပါသည်။ ဦးက ခံစားချက်ကင်းမဲ့တဲ့ လူသားလာမသိဘူး။ အခုတလော ဟိုနားမှာ ဟိုတစ်ယောက်နဲ့တွေ
ဒီနားမှာတစ်ယောက်နဲ့ တွေ့တယ်လို့ ကျင်းရီကပြောသည်။

"  ဟိတ်ကောင်!
ငါတို့ပြောတာ ကြားရဲ့လား သွားမပတ်သတ်နဲ့လို့ "

" ဦးက စိတ်ထားကောင်းပါတယ် "

" လူတွေကိုလှည့်စားတာ.. သူကို ချစ်လို့သူနားကပ်တဲ့သူတွေကို ပေါ့ပျက်ပျက် ထားခဲ့တာ အဲ့ဒါတွေက ကောင်းတဲ့လုပ်ရက်လား "

ကျင်းရီပြောလည်း သူနားထဲမဝင်ပေ။

"  ဟုတ်တယ်ကျန့်လေး ပြီးတော့ ငါအစ်ကို ဝမ်းကွဲဆို
အစ်ကိုရိပေါ်ကို အရမ်းချစ်တာ အရာရာအဲ့အစ်ကိုအလိုကျလုပ်ပေးတာတောင်မှ ငြီးငွေ့လို့ဆိုပြီး အဆက်အသွယ် ဘလိုင်းကြီး ဖြတ်တယ်လေ။
အခုအဲ့အစ်ကိုဆို အရက်သမား ကြီးလုံးလုံးဖြစ်နေပြီ  "

ယူဘင်းပြောလည်း ရှောင်ကျန့် ဦးကိုသာတွေ့ချင်နေသည်။

"  ဦးက ပွင့်လင်းပါတယ် "

"ကျန်လေး! မင်းတော့ဆေးမိနေပြီထင်တယ် "

" ဘာလို့ဆေးမိရမှာလဲ  "

" ကျင်းရီ ပြောတာမှန်တယ် မင်းဆေးမိနေပြီ ဒီလောက်မကောင်းပါဘူးလို့ ပြောနေတာတောင်မှ မင်းနားမဝင်ဘူးလေ "

"ဟုတ်တယ် အဲ့ဒီအစ်ကိုရိပေါ်လှည့်စားတက်မှန်းသိရဲ့သားနဲ့ လူတွေလည်း ဘာလို့သွားသွားပတ်သတ်မှန်း မသိဘူး "

ကျင်းရီပြောတာလွန်နေပြီ။ သူ့ဦးကိုပြောတာမတရားလွန်နေပြီ။

" မင်းတို့ နှစ်ယောက် ဦးမကောင်းကြောင်းမပြောနဲ့ ငါမကြားချင်ဘူး  လှည့်စားပါစေ ကုန်ကုန်ပြောမယ် ငါ
ဦးနားမှာနေချင်တယ်ဦးကိုချစ်မိနေပြီ။
အဲ့ဒါကြောင့် ဦးမကောင်းကြောင်း ငါရှေ့မပြောကျနဲ့ စိတ်ညစ်လို့လာမှ အာရုံလာနောက်နေတယ် "

ကောင်လေးWhere stories live. Discover now