Part 5

153 9 0
                                    

Part 5

ရိပေါ် ကုတင်ပေါ်မှာ လှဲအိပ်နေတုန်း
အစ်ကိုယူမင်လာကာ သူဆံပင်ကိုဖွနေသည်။

" အငယ်လေး မိုးအရမ်းရွာနေတယ် အဲ့ဒါ  "

" အဲ့ဒါ ဘာဖြစ်လဲအစ်ကို  "

" ဟိုကောင်လေး အိမ်ရှေ့မှာ မပြန်သေးဘူး "

" ဗျာ "

" အငယ်လေး ပြန်ခိုင်းမှရမှာ နို့မိုဆို အဲ့ကောင်လေးဖျားလိမ့်မယ်   "

"  ဟုတ်ကဲ့ "

ကျွန်တော်ထီးယူကာ ခြံအပြင်ထိ လမ်းလျှောက်လာလိုက်သည်။ တကိုယ့်လုံးမိုးရေချွဲနေတဲ့ ကောင်လေးကို ကျွန်တော်ထီးမိုးပေးလိုက်သည်။

" ဘာလို့ အရူးထရတာလဲ ကောင်လေး "

" ကျွန်တော်ဦးဆီက အဖြေလိုချင်တယ် "

" ပြန်ပါတော့ အအေးမိပြီးဖျားတော့မှာပဲ  "

" ကျွန်တော်အချစ်ကို မယုံတာလား ကျန်တဲ့သူတွေကိုတော့ လွယ်လွယ်လေး လက်ခံပြီးမှ ဘာကြောင့် ကျွန်တော်ကို ရှောင်နေရတာလဲ "

" ကောင်လေး မင်းကငယ်သေးလို့ပေါ့
လောကကြီးအကြောင်း မင်းဘာမှမသိပါဘူး "

" လောကကြီးအကြောင်းမသိပေမဲ့ ဦးကိုချစ်တာတော့သိတယ်။  ဦးမရှီရင် မနေတက်တာလည်း သိတယ် ကျွန်တော်ကိုဦးနားမှာနေခွင့်ပေးပါ "

" ပြန်ပါတော့ ကောင်လေး "

" ဦးဆီက အဖြေမရမချင်း မပြန်နိုင်ဘူး "

ကောင်လေးကအရမ်းခေါင်းမာသည်။
သူကောင်လေးကို မဖျားစေချင်ဘူး။

" အင်း ကောင်လေး ငါမင်းကို ငါနားမှာနေခွင့်ပေးပါမယ် ပြန်ပါတော့  "

" ကျွန်တော်ကိုချစ်လား   "

" အင်း ကောင်လေး ပြန်ပါတော့  "

ကျွန်တော်ကို ကောင်လေးလာနမ်းတာကြောင့် ကျွန်တော်လက်ထဲက ထီးတောင်လွတ်ကျသွားသည်။

" အရမ်းချစ်တယ်ဦး "

ကောင်လေးအလှဆုံးပြုံးကာ
သူကိုဆိုလေသည်။

" အင်း  "

နောက်နေ့ကောင်လေးဖျားလို့ ကျွန်တော်ဆီမလာနိုင်သလို့ ကျွန်တော်လည်း ဘယ်သူနဲ့မှ ဆက်မတွဲဖြစ်တော့ဘူး

ကောင်လေးWhere stories live. Discover now