Part 3

164 8 0
                                    

Part 3

📱

ဖုန်းလာလို့ နာရီကြည့်လိုက်တော့ မနက်ခြောက်နာရီထိုးပြီ
ဖြစ်သည်။

" ဟဲလို "

" ကောင်လေး  "

ဦးခေါ်သံကြောင့် အိပ်ချင်နေသေးတဲ့ မျက်လုံး
ကျယ်သွားသည်။

" ဗျာ!  "

" အခုထိ တစ်ဗျာဗျာတုန်းပဲလား ကောင်လေး "

"  ကျွန်တော်ဖုန်းနံပတ်သိတာ အံသြလို့ပါ  "

" မထူးဆန်းပါဘူးကောင်လေး  ကိုယ်ဗိုက်ဆာတယ်
ကောင်လေး အဲ့ဒါလာခေါ်ပါ့လား "

" ဟုတ်ကဲ့ ဦး ခဏစောင့်ပါ "

ကျွန်တော် မျက်နှာမြန်မြန်သစ်လိုက်ပြီး
အောက်ဆင်းလာလိုက်သည်။

" ကျန့်လေးအစောကြီး ဘယ်သွားမလို့လဲ  "

မကြီးကလှမ်းမေးတာနဲ့

"ကျွန်တော် သူငယ်ချင်းနဲ့ချိန်းထားလို့ မကြီး "

"  ဘယ်သူငယ်ချင်းက အစောကြီးချိန်းတာလဲ အခုမှ ခြောက်နာရီပဲရှီသေးတယ် "

" မငယ်ကလည်း အထူးအဆန်းလုပ်နေတယ်  ကျွန်တော် ဒီနေ့ သင်တန်း ပိတ်လို့ သူငယ်ချင်းတွေနဲ့သွားလည်မလို့ "

အစ်မနှစ်ယောက်နဲ့တော့ ကျွန်တော်ဘယ်သွားသွား အသေးစိတ် ပြောနေရသည်။
ဦးအိမ်ကို မြန်မြန်မောင်းထွက်လာခဲ့သည်။
အိမ်ထဲရောက်တော့

" အစောကြီးရောက်နေပါ့လား ညီ  "

ဦးရဲ့အစ်ကိုကနှုတ်ဆက်သည်။

" ကျွန်တော်ခေါ်ထားတာ

အိမ်ပေါ်လှေကားကနေ ဆင်းလာရင်းပြောလိုက်တဲ့ ရိပေါ်

" အငယ်အစောကြီးရှီသေးတယ်  အိပ်ရေးရော့ဝရဲ့လား "

" မဝဘူး အိပ်ကိုမပျော်တာ "

" ဘာဖြစ်တာလဲ အငယ်အစ်ကိုစမ်းသပ်ကြည့်မယ် "

" အစ်ကိုကလည်း ဆရာဝန်လို့မပြောရဘူး။
စိတ်ပူတက်လိုက်တာ့ ကောင်လေးက ကျွန်တော်တို့ကို မျက်စီနောက်နေလောက်ပြီ  သွားမယ် ကောင်လေး "

ဦးရဲ့အစ်ကိုက ဦးအပေါ် မိဘလိုမျိုးကိုး အရမ်းချစ်ပြီး အရမ်းအလိုလိုက်ခဲ့တာပဲ ကားပေါ်ရောက်တာနဲ့ ဦးကို ဘာမှမမေးပဲ အရမ်း စားကောင်းတဲ့  ခေါက်ဆွဲဆိုင်ခေါ်လာခဲ့သည်။

" ဦး ရောက် ...."

ကားပေါ်မှာ အိပ်ပျော်ပြန်ပြီ။
ကျွန်တော် ကားနောက်ခန်းက အဆင့်သင့်ပါလာတဲ့ စောင်အပါးကို  ဦးရဲ့ကိုယ့်ပေါ် လွမ်းခြုံပေးလိုက်သည်။ ပြီးတော့ ထိုင်ခုံကို အိပ်ရအဆင်ပြေအောင် လျှော့ပေးလိုက်သည် ကျွန်တော်လည်း ဘေးနားမှာ အိပ်ပျော်သွားမိသည်။ ပြန်နိုးလာတော့ ကျွန်တော်ကို စူးရှတဲ့ မျက်လုံးနဲ့ ကြည့်နေတဲ့ ဦး

" ဦး! "

" လန့်သွားတာလား "

" ဦးနိုးနေတာ ကြာပြီလား "

" အင်း ဗိုက်ဆာပြီ  "

" ကားပေါ်က ဆင်းရအောင်   "

ခေါက်ဆွဲဆိုင်မှာ ဦးက အမဲသားခေါက်ဆွဲစားချင်တယ်ပြောလို့ မှာပေးလိုက်သည်။ ကျွန်တော်တို့စားနေတုန်း

"  ရိပေါ်!   "

" ဝူဆော့   "

" ကိုယ့် ရိပေါ်ကိုလွမ်းနေတာ သူကဘယ်သူလဲ ရည်းစားအသစ်လား ကိုယ်တစ်ပတ်ပဲ ပျောက်သွားတာကို အသစ်တန်းထားရသလား "

" မဟုတ်ဘူး  ကောင်လေးပါ  "

" အဲ့ဒါဆို ကိုယ့်နဲ့လိုက်ခဲ့ ကိုယ့်မင်းကို အရမ်းလွမ်းနေတာ "

" အင်း  လိုက်မယ်လေ  "

ပြောပြောဆိုဆို နဲ့ ထသွားတဲ့ ဦးလက်ကို
ရှောင်ကျန့်ဆွဲလိုက်သည်။

" ဘယ်သွားမလို့လဲ ဦး "

" ဝူဆော့နဲ့လိုက်သွားမလို့ ကောင်လေး မင်းအိမ်ပြန်တော့ "

ကျွန်တော်က်ို အစောကြီးခေါ်ပြီး အခုထားသွားပြန်ပြီ။ ဦးရယ် လွယ်လှချည်လား ဦးရဲ့ စိတ်အရင်းအမှန်ကဘာလဲ။ ကျွန်တော်ကိုကစားနေတာလားလူကိုခိုင်းချင်တာခိုင်းပါ။ ကျွန်တော်နှလုံးသားကိုတော့လာမကစားမိပါစေနဲ့

ကောင်လေးWhere stories live. Discover now